အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားက
ပမာဏအားဖြင့် ဒေါ်လာ သန်းပေါင်း တသန်း
တသိန်းလောက်ရှိတဲ့ နိုင်ငံတော်ဘဏ္ဍာရဲ့
ကြီးမားလှတဲ့ လိုငွေပြမှု ပမာဏကို သူ့သမ္မတ
သက်တမ်း လေးနှစ်မကုန်ခင် တဝက်
လျော့ကျစေရမယ်လို့ ပြောလိုက်ပါတယ်။
မနေ့က သမ္မတအိမ်ဖြူတော်မှာ ကျင်းပခဲ့တဲ့
နိုင်ငံတော်ဘဏ္ဍာကို တာဝန်သိသိ စီမံခန့်ခွဲ
ရေးဆိုင်ရာ ထိပ်သီးအစည်းအဝေးပွဲမှာ
စီးပွားရေးကျွမ်းကျင်သူတွေနဲ့ ဥပဒေပြု
လွှတ်တော်အမတ်တွေကို မိန့်ခွန်းပြောရင်း သမ္မတအိုဘားမားက အခုလိုပြောသွားခဲ့
တာ ဖြစ်ပါတယ်။
ကျန်းမာရေးအသုံးစရိတ် ကြီးမြင့်လာမှုဟာ တိုင်းပြည်အတွက် ငွေကြေးဆိုင်ရာ အဓိက
စိန်ခေါ်မှု ဖြစ်နေတာကြောင့် လူထုကျန်းမာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ အင်မတန်
အရေးကြီးတယ်လို့ သမ္မတက ပြောခဲ့ပါတယ်။
တနင်္လာနေ့ အစောပိုင်းတုန်းကလည်း သမ္မတအိုဘားမားက သူ့ရဲ့ စီးပွားရေး ပြန်လည်
နိုးထစေရေး အစီအစဉ်အရ ပြည်နယ်အစိုးရတွေ ကြုံတွေ့နေရတဲ့ လိုငွေပြမှုပြဿနာ
ကို ဖြေရှင်းဖို့အတွက် ဒေါ်လာ ၁၅ ဘီလီယံ ပေးမှာဖြစ်တယ်လို့ အမေရိကန်တလွှားက
ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကို ပြောခဲ့ပါတယ်။
ဒီငွေတွေဟာ ပြည်နယ်အသီးသီးက ဝင်ငွေနည်းသူ မိသားစုတွေရဲ့ ကျန်းမာရေးအသုံး
စရိတ်အတွက် အကူအညီပေးဖို့ဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။