သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်ဝန်ကြီးချုပ် အိမ်ဖြူတော်မှာ အိုဘားမားနဲ့ တွေ့ဆုံ


အမေရိကန်သမ္မတ ဘားရက်အိုဘားမား (Barack Obama) ဟာ ဂျပန်ဝန်ကြီးချုပ် တာရိုအာဆို (Taro Aso) နဲ့ တွေ့ဆုံပြီး အမေရိကန်နဲ့ ဂျပန် ဆက်ဆံရေး အရေးကြီးပုံကို အလေးထား ပြောကြားပါတယ်။

ဂျပန်နိုင်ငံဟာ အာရှလုံခြုံရေးအတွက် အခြေခံအုတ်မြစ် ဖြစ်တယ်လို့ အိမ်ဖြူတော်မှာ အင်္ဂါနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ အိုဘားမား က ဆိုပါတယ်။ ရာသီဥတုပြောင်းလဲလာတဲ့ကိစ္စ၊ အာဖဂန်နစ်စတန် ကိစ္စတွေမှာလို ကိစ္စတော်တော်များများမှာ ဂျပန်နိုင်ငံဟာ အမေရိကန်ရဲ့ အရေးကြီး လက်တွဲရတဲ့ မိတ်ဖက် ဖြစ်တယ်လို့ သူက ပြောပါတယ်။

မစ္စတာ အာဆို ဟာ ဇန်နဝါရီလ တာဝန်တွေ စယူကတည်းကဆိုရင် မစ္စတာ အိုဘားမား ကို အိမ်ဖြူတော်မှာ တွေ့ဆုံတဲ့ ပထမဆုံး နိုင်ငံခြားခေါင်းဆောင် ဖြစ်ပါတယ်။

အမေရိကန်နဲ့ ဂျပန်တို့ဟာ ကမ္ဘာမှာ စီးပွားရေး အားအကောင်းဆုံးနိုင်ငံ နှစ်နိုင်ငံဖြစ်တယ်လို့ ဂျပန် ဝန်ကြီးချုပ်က ပြောပါတယ်။ အရေးတကြီး ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းရာမှာ သူတို့အတူတူ အလုပ်လုပ်ကြရပါမယ်လို့ သူက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG