သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်တွင်း ပုန်ကန်မှုဖြစ်


ဘင်္ဂလားဒေရှ့်နိုင်ငံ နယ်ခြားစောင့် တပ်ဖွဲ့ထဲက မကျေမနပ် ဖြစ်နေကြတဲ့ စစ်သားတချို့က စတင်လိုက်တဲ့ လက်နက်ကိုင် ပဋိပက္ခဟာ ဒါကာမြို့တော်မှာ ဖြစ်ပါွးနေတာပါ။ ပြင်းထန်တဲ့ သေနတ်သံတွေ မော်တာ အမြှောက်သံတွေကြောင့် လူစည်ကားတဲ့ လမ်းမတွေပေါ်မှာ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့တယ်လို့ နယူးဒေလီမြို့တော် တောင်အာရှ ရုံးခွဲကနေ အခြေအနေတွေကို စောင့်ကြည့်နေတဲ့ ဗွီအိုအေ သတင်းထောက် ဆလီ ဟားမန်း က ဆိုပါတယ်။ ပစ်ခတ်မှုအတွင်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိခဲ့သလို ပစ်ခတ်တဲ့ စစ်သားတွေ ဘယ်နှစ်ယောက်ထိ ထိခိုက်သေကြေခဲ့သလဲဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ အခြေအနေ အသေးစိတ်ကို ဦးကျော်ဇံသာက တင်ပြပေးပါတယ်။

ဒါဟာ ဝန်ကြီးချုပ်သစ် ရှိတ် ဟာဆီနာ အစိုးရရဲ့ ၂လတာ သက်တမ်းအတွင်းမှာ ပထမဦးဆုံး တွေ့ရတဲ့ အကျပ်အတည်း ဖြစ်ပါတယ်။ နယ်ခြား တပ်ဖွဲ့တွေရဲ့ ပုန်ကန်မှုကို ကူညီဖို့ ဘင်္ဂလားဒေရှ့် စစ်တပ်ကို တာဝန်ချထားပြီးပြီလို့ အရာရှိတွေက ဆိုပါတယ်။ ဒီတိုက်ခိုက်မှုဟာ အာဏာသိမ်းဖို့ ကြိုးပမ်းနေတဲ့ ကိစ္စမဟုတ်ဘူးတာကိုလည်း အရာရှိတွေက အခိုင်အမာ ပြောနေကြပါတယ်။ ဘင်္ဂလားဒေရှ့် နိုင်ငံ ဒါကာမြို့တော်က ပုဂ္ဂလိက ရုပ်မြင်သံကြားတွေကိုတော့ ဘင်္ဂလားဒေရှ့် နယ်ခြားစောင့် တပ်ဖွဲ့ဌာနမှာ မီးတောက်လောင်နေတာတွေ၊ မီးခိုးထွက်နေတာတွေကို ပြသနေကြပါတယ်။ ဗုဒ္ဓဟူးနေ့ မနက်က ဆက်ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် လူနေစိတ်တဲ့ ဒါကာ မြို့တော်မှာ ထိပ်ထိပ်ပြာပြာ ဖြစ်ခဲ့ရပြီး ပြင်းထန်တဲ့ သေနတ်သံတွေ၊ မော်တာသံတွေကြားနေခဲ့ရပါတယ်။ နယ်ခြားစောင့် ဝန်ထမ်းတပ်ဖွဲ့ ဌာနချုပ်နားက ဈေးဆိုင်တန်းတွေမှာ ပုန်ကန်သူစစ်သားတချို့ကို ဖမ်းဆီးမိခဲ့တယ်လို့ မီဒီယာတွေက ဆိုကြပါတယ်။

အိန္ဒိယနိုင်ငံ ကာကွယ်ရေး တက္ကသိုလ်က ဘင်္ဂလားဒေရှ့်ရေးရာ သုံးသပ်သူ စရီတာ ဒါတား က ဒီပုန်ကန်မှု စစ်တပ်က နှိမ်နင်းတယ်ဆိုတာဟာ အံ့သြစရာ မဟုတ်ဘူးလို့ အခုလို သုံးသပ်ပါတယ်။


"ဒီလို တရား ဥပဒေ စိုးမိုးရေးနဲ့ ဆိုင်တဲ့ ဘယ်ပြည်တွင်း ပြဿနာမှာ မဆို ရွေးကောက်ခံထားရတဲ့ အစိုးရကတော့ စစ်တပ်ကိုပဲ ဝင်ထိန်းဖို့ ကြိုးစားကြမှာပါ။ ရဲတပ်ဖွဲ့ရဲ့ အခန်းကဏ္ဍ က ဒီလိုနေရာမျိုးမှာ သိပ်မရှိသလောက်ပါပဲ။"

ဘင်္ဂလားဒေရှ့် ရိုက်ဖယ် ဒါမှ မဟုတ် ဘီတီအာ လို့ခေါ်တဲ့ တပ်ဖွဲ့ဟာ နယ်ခြားစောင့် စစ်တပ်တွေ ဖြစ်ကြပြီး ၁၈ရာစု ဗြိတိသျှ ကိုလိုနီလက်ထပ်ကတည်းက စတင်ရှိခဲ့တဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တပ်ဖွဲ့အင်အား ၆၅၀၀၀ ကျော် ရှိတဲ့ တပ်ဖွဲ့ပါ။ ဘင်္ဂလားဒေရှ့်ဟာ ၁၉၇၁ခုနှစ်မှာ ပါကစ္စတန်ဆီက လွတ်လပ်ရေး ရခဲ့ြ့ပီး ဒီလို တပ်တွင်း မတည်မငြိမ်ဖြစ်မှုက မကြာခဏ ဖြစ်လေ့ရှိပါတယ်။ တချို့သော သုံးသပ်သူတွေကတော့ အခုဖြစ်ရတာဟာ ဒီနယ်ခြားစောင့် တပ်ဖွဲ့ကို တကယ့် စစ်တပ်က အရာရှိတွေလာရောက် အုပ်ချုပ်တာနဲ့ ပတ်သက်လို့ မကျေမနပ် ဖြစ်နေရာက အခြေခံတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ စရီတာ ဒါတား ကတော့ အခု ပုန်ကန်မှုဟာ ခါတိုင်းထက် ထူးခြားတယ်လို့ သုံးသပ်ပါတယ်။

ဘင်္ဂလားဒေရှ့်မှာ အာဏာသိမ်းတာတွေ၊ တန်ပြန် အာဏာသိမ်းတာတွေ ရှိခဲ့တယ်။ တပ်တွင်း ကွဲလွဲမှုတွေ ရှိခဲ့ဖူးပေမဲ့ အခုလို နယ်ခြားစောင့် တပ်ဖွဲ့တွေကြားမှာတော့ တခါမှ မရှိဘူးလို့ ဆိုပါတယ်။

အခု ပုန်ကန်မှုဟာ ဘီတီအာဌာနချုပ်ကို ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ သွားရောက်လည်ပတ်ခဲ့ပြီး ၁ရက်အကြာမှာ ဖြစ်ပွား ခဲ့တာပါ။ ဝန်ကြီးချုပ်က နယ်ခြားစောင့် တပ်တွေ ပိုပြီး စည်းကမ်း ရှိကြဖို့၊ နယ်ခြားကို ပိုပြီး ဂရုတစိုက် စောင့်ရှောက်ဖို့ မိန့်ကြားခဲ့ပါတယ်။ အဲဒီနောက် ၁ရက် အကြာမှာတော့ ဝန်ကြီးချုပ်က တပ်ဖွဲ့တွေ ပုန်ကန်လာတဲ့အတွက် လက်နက်ချကြဖို့ မေတ္တာရပ်ခံနေရပြီး သူတို့ရဲ့ မကျေနပ်ချက်တွေကို နားထောင်ပါမယ်လို့ ကတိပြုနေရပြီ ဖြစ်ပါတယ်။ မစ္စ ဟာဆီနာဟာ ဒီဇင်ဘာလအတွင်းက ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတော့ စစ်တပ်က ကျောထောက် နောက်ခံပေးထားတဲ့ ကြားဖြတ်အစိုးရကို ဆက်ခံပြီးတော့ အုပ်ချုပ်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG