သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပို့ကုန်အဓိက၊ Recession နဲ့ Depression


ဖေဖော်ဝါရီ ၂၃၊ ၂၀၀၉ - တကမ္ဘာလုံးမှာ Recession လို့ခေါ်နေကြတဲ့ စီးပွားရေး
ဆုတ်ယုတ် ကျဆင်းနေတာ ရပ်တန့်မသွားသေးဘဲ ဒီအကျပ်အတည်းကနေ လွတ်
မြောက်အောင် အစိုးရတွေအဖို့ နေ့တဓူ၀ ကြိုးစားလုံးပမ်းနေကြရပါတယ်။ ဒီအတော
အတွင်းမှာပဲ အာရှနိုင်ငံတွေအနေနဲ့ ကိုယ့်နိုင်ငံရဲ့စီးပွားရေးကို ပြည်ပတင်ပို့ကုန်အပေါ်
မှီခိုအားထားလွန်းတာကို ပြောင်းပစ်သင့်ပြီဆိုတဲ့ တိုက်တွန်း နှိုးဆော်သံတွေ ပိုပြီးတော့
ထွက်လာနေပါတယ်။

ဒီလိုတိုက်တွန်းတာကို စင်္ကာပူအခြေစိုက် စီးပွားရေးပညာရှင် ဦးခင်မောင်ကြည်က
သဘောမတူပါဘူး။ လက်ရှိအချိန်ကာလလို စီးပွားရေးကျနေတဲ့အချိန်မှာ ပြည်ပပို့ကုန်
တွေ ရောင်းလို့မရဘဲရှိနေပေမယ့် ရသလောက်နဲ့ ရောင်းရမှာပဲလို့ ဦးခင်မောင်ကြည်
ကပြောပါတယ်။

တင်ပို့ကုန်ကိုလျှော့လို့မရဘဲ ဆက်ပြီးရောင်းသွားရမယ်ဆိုရင် ပို့ကုန်ဈေးကွက်ကောင်း
လာအောင် ဘာတွေလုပ်ဖို့လိုမယ်ဆိုတာကိုတော့ ကမ္ဘာ့စီးပွားရေးဂျာနယ် အယ်ဒီတာ
ချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ) က အကြံပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG