မြန်မာ စစ်အစိုးရက အကျဉ်းသား ၆၀၀၀ ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့ ဖေဖေါ်ဝါရီလ ၂၀ရက်နေ့က ကြေညာခဲ့တာကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း ဒီလို လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၂၀ ကျော်ပဲ ပါတယ်ဆိုတဲ့ သတင်းတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တောင်းဆိုပါတယ်။