သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပုန်ကန်မှု ဝန်ကြီးချုပ် ခပ်ပြင်းပြင်းကိုင်မည်


တပ်တွင်းပုန်ကန်ကြတဲ့ စစ်သားတွေက လက်နက်မချဘူးဆိုရင် အစိုးရက ပြင်းပြင်း
ထန်ထန် အရေးယူဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာ
(Sheikh Hasina) က သတိပေးလိုက်ပါတယ်။ တင့်ကားတွေက ပုန်ကန်နေသူတွေကို
တုံ့ပြန်ဖို့ မြို့တော်ထဲကို ကြာသပတေးနေ့မှာ ဝင်ရောက်လာခဲ့ကြတယ်လို့ ဒေသခံ
မီဒီယာသတင်းတွေက ဆိုပါတယ်။

အသေအပျောက်များတဲ့ တပ်တွင်းပုန်ကန်မှုကို ရပ်သွားအောင် ကြိုးစားဆောင်ရွက်
နေတဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်ပြည်သူတွေ ငြိမ်ငြိမ်သက်သက် နေမြဲနေကြဖို့ တနိုင်ငံ
လုံးကိုထုတ်လွှင့်တဲ့ ရုပ်မြင်သံကြားကနေ မစ္စဟာစီနာက ကြာသပတေးနေ့က ပြောခဲ့
ပါတယ်။ ပုန်ကန်ကြတဲ့ စစ်သားတွေက တိုင်းပြည်အနှံ့မှာ နယ်ခြားစောင့်တပ်တွေကို
ပစ်ခတ်ခဲ့ကြပြီး မြို့တော်မှာလည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြတယ်လို့
ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ လက်ကိုင်ဖုန်း ဆက်သွယ်ရေးကို အစိုးရက ပိတ်လိုက်တယ်လို့
အရာရှိတွေက ဆိုပါတယ်။ ဒီကနေ့ အစောပိုင်းတုန်းကတော့ ပုန်ကန်သူတွေက
ပြည်ထဲရေးဝန်ကြီး ရှာဟာရာ ခါတွန် (Shahara Khatun) ရှေ့ ဒါကာမြို့မှာ လက်နက်
ချခဲ့ကြတာကို ရုပ်မြင်သံကြားတွေက ပြသခဲ့ကြပါတယ်။

ဗုဒ္ဓဟူးနေ့ နယ်ခြားစောင့်တပ်တွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ လူ ၅၀ အထိ သေဆုံးနိုင်တယ်
လို့ ဘင်္ဂလားဒေ့ရှ် ဥပဒေရေးရာဝန်ကြီး ကင်မ်ရူးလ် အစ္စလာမ် (Kamrul Islam) က
ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်က အရာရှိတွေကို ဖယ်ရှားပေးပြီး လခပိုကောင်းအောင်
တိုးပေးရမယ်ဆိုတဲ့ တောင်းဆိုချက်တွေကို ဝန်ကြီးချုပ်က ကြည့်ရှုမယ်လို့ သဘော
တူပြီးတဲ့အတွက် သူတို့ လက်နက်ချလိုက်တာဖြစ်တယ်လို့ သူပုန်တွေရဲ့ ကိုယ်စားလှယ်
က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG