သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် ပုန်ကန်သူတွေ လက်နက်ချလိုက်ပြီ


ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ် ဟာစီနာ (Sheikh Hasina) က သတိပေးလိုက်ပြီးတဲ့
နောက် တပ်တွင်း ပုန်ကန်သူတွေက လက်နက်ချခဲ့ကြတယ်လို့ အစိုးရအရာရှိတွေက
ပြောပါတယ်။

မြို့တော် ဒါကာနဲ့ တိုင်းပြည်အနှံ့မှာ နှစ်ရက်ကြာ တိုက်ခိုက်ခဲ့ကြပြီးတဲ့နောက် ပုန်ကန်သူ
တွေက လက်နက်ချခဲ့ကြတယ်လို့ ၀န်ကြီးချုပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ Abul Kalam Azad
က ပြောပါတယ်။

ဒါကာပြည်သူ့စစ်အဖွဲ့ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် ရိုင်ဖယ်တပ်က လခ ပိုတောင်းပြီး အထက်
အရာရှိတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ပုန်ကန်မှုမှာ လူ ၅၀ လောက်အထိ သေဆုံးခဲ့ကြတယ်လို့ အရာရှိတွေက ပြောပါတယ်။

စစ်တန်းလျား ပြန်သွားမယ်ဆိုရင် ပုန်ကန်တဲ့စစ်သားတွေကို ခွင့်လွှတ်မယ်လို့ မစ္စ
ဟာစီနာက ပြောပါတယ်။ လက်နက်မချဘူးဆိုရင် အစိုးရက ပြင်းပြင်းထန်ထန်
အရေးယူ ဆောင်ရွက်မယ်လို့လည်း သတိပေးခဲ့ပါတယ်။

တောင်းဆိုတာတွေကို ကြည့်ရှုမယ်လို့ သဘောတူပြီးတဲ့အတွက် သူတို့ လက်နက်ချ
လိုက်တာဖြစ်တယ်လို့ သူပုန်တွေရဲ့ကိုယ်စားလှယ်က ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG