သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှုး မြန်မာပြည်ကို သွားသင့်မသင့်


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီးမွန် (Ban Ki-moon) မြန်မာနိုင်ငံကို ပြန်လည်သွားရောက်ပြီး စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပါမယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူအနေနဲ့ မြန်မာနိုင်ငံကို မသွားရောက်ခင် နိုင်ငံရေး တိုးတက်ပြောင်းလဲမှု အရိပ်အရောင်တခုဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို စစ်အစိုးရက ပြန်လွှတ်ပေးမှ သွားမယ်လို့ ပြောဆိုပါတယ်။ ဘန်ကီးမွန် အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မြောက်ဖို့ ပြောဆိုလုပ်ကိုင်မယ့်အစား သူမြန်မာပြည်သွားဖို့အတွက် နိုင်ငံရေးသမားများကို စစ်အစိုးရက လွှတ်ပေးမှ သွားမယ်ဆိုတာ နည်းလမ်းမကျ ဖြစ်နေတယ်လို့ ဦးကျော်ဇံသာ က သုံးသပ်ဝေဖန်ပါတယ်။ ဒီသုံးသပ်ချက်အမြင် ဘန်ကီးမွန်အနေနဲ့ မြန်မာပြည်ကို နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးမှ သွားရောက်သင့် မသွားသင့်၊ ကုလအတွင်းရေးမှုးအနေနဲ့ ဘယ်လိုလုပ်ဆောင်ဆုံးဖြတ်သင့် စတဲ့အကြောင်းအရာတွေကို မြန်မာ့အရေး လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်း နဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (Committee Representing the People's Parliament - CRPP) အတွင်းရေးမှူး ဦးအေးသာအောင် တို့ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာသတင်းဌာန) က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG