သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့တီမော ရွေးကောက်ပွဲ ကုလသမဂ္ဂ ကူညီမည်


အရှေ့တီမောမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များ နောက်ထပ် တနှစ် ဆက်လက်ထားရှိရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုလိုက်ပါပြီ။

အဲဒီလို တနှစ်ဆက်လက်ထားရှိရေးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံစလုံးက တညီတညွတ်တည်း သဘောတူ ခဲ့ကြတယ်လို့ ကုလသမဂ္ဂရုံးက ကြေညာပါတယ်။

အရှေ့တီမောအစိုးရရဲ့ မေတ္တာရပ်ခံချက်အတိုင်း ဒီနှစ်အတွင်း အရှေ့တီမောမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာ ကူညီပါလို့လည်း ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်ဖွဲ့များကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG