ဖေဖော်ဝါရီလ ဟာ အမေရိကန်ပြည်ထောင်စုမှာ American Heart Month ဆိုတဲ့ နှလုံးရောဂါအကြောင်း နိုးကြားမှုရှိစေဖို့ ဆော်သြတဲ့လဖြစ်ပါတယ်။ နှလုံးရောဂါဟာ အမေရိကန်အမျိုးသမီးတွေအများဆုံး သေဆုံးစေတဲ့ရောဂါလဲဖြစ်ပါတယ်။ မြန်မာအမျိုးသမီးတွေအတွက်လဲ နှလုံးရောဂါနှင့်ပတ်သက်လို့ သိကောင်းစရာကို ဒီသီတင်းပတ်ရဲ့ အမျိုးသမီးကဏ္ဍမှာ ကနေဒါအခြေစိုက် ဒေါက်တာ ဒေါ်ခင်စောဝင်း ကို ဒေါ်လှလှသန်း က ဆက်သွယ်မေးမြန်းထားပါတယ်။