သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်းကယ်ဆယ်ရေး ပိတ်ဆို့မှုဖြင့် စစ်အစိုးရကို ခုံရုံးတင်ဖို့ တိုက်တွန်း


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ မနှစ်တုန်းက နာဂစ်ဆိုင်ကလုံးမုန်တိုင်း ကျရောက်
ခဲ့ပြီးနောက် မြန်မာနိုင်ငံ မုန်တိုင်းဒဏ်သင့်ဒေသက ပြည်သူတွေအတွက်ဆိုပြီး
ပေးပို့တဲ့ နိုင်ငံတကာရဲ့ လူသားချင်းစာနာမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေအပေါ်မှာ
တားဆီးပိတ်ဆို့ခဲ့တဲ့ မြန်မာစစ်အစိုးရကို လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်တယ်လို့
စွပ်စွဲထားတဲ့ အစီရင်ခံစာတစောင် ထွက်ပေါ်လာခဲ့ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ စေတနာ့ဝန်ထမ်းလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့
အမေရိကန်အခြေစိုက် ဂျွန်ဟော့ပ်စ်ကင်းတက္ကသိုလ်က ဘလွန်းဘာ့ ပြည်သူ့ကျန်းမာ
ရေးဌာန ကျန်းမာရေးနဲ့ အရေးပေါ် ကူညီထောက်ပံ့ရေးအဖွဲ့က မနေ့ကထုတ်ပြန်တဲ့
အစီရင်ခံစာထဲမှာ အခုလို စွပ်စွဲဖော်ပြထားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရကို နိုင်ငံတကာ ပြစ်မှုခုံရုံး (JCC) မှာ တရားစွဲဆို ခုံရုံးတင် စစ်ဆေး
ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို အဲဒီအဖွဲ့က အစီရင်ခံစာထဲမှာ တိုက်တွန်း
ထားပါတယ်။

မုန်တိုင်းသင့်ဒေသက အသက်မသေဘဲ လွတ်မြောက်လာသူတွေ၊ ကယ်ဆယ်ကူညီရေး
စေတနာ့ဝန်ထမ်း ဆောင်ရွက်နေကြတဲ့သူတွေ ဒါဇင်ပေါင်းများစွာကို လူတွေ့မေးမြန်း
စုံစမ်းပြီး အဲဒီအစီရင်ခံစာကို အထောက်အထား စာရွက်စာတမ်းတွေနဲ့တကွ ပြုစုခဲ့တဲ့
ဒီအဖွဲ့ကနေပြီး မြန်မာစစ်အစိုးရကိုလည်း အပြင်းအထန် ပြစ်တင် ဝေဖန်ရှုတ်ချလိုက်
ပါတယ်။

မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေကို အလွဲသုံးစားလုပ်တယ်၊
ရောင်းစားပစ်တာတွေ၊ မုန်တိုင်းဒဏ်သင့် ပြည်သူတွေကို အတင်းအကျပ် နေရာ
ရွှေ့ပြောင်းပစ်တာတွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ ပူဆွေးသောကရောက်နေကြ
တဲ့ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကလေးတွေပါမကျန် အဓမ္မလုပ်အားပေး
ခိုင်းစေတာတွေကို ကျူးလွန်ခဲ့တယ်လို့ မျက်မြင်သက်သေတွေက ပြောတဲ့အကြောင်း
အဲဒီအစီရင်ခံစာသစ်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

မုန်တိုင်းဒဏ်သင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့နေသူတွေကိုလည်း မြန်မာ
စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့တဲ့ အကြောင်းကိုလည်း အဲဒီအစီရင်ခံစာမှာ ဖော်ပြ
ထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG