သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တပ် ရုတ်သိမ်းရေး အီရတ်ခေါင်းဆောင်များ ကြိုဆို


အီရတ်နိုင်ငံကနေ အမေရိကန်တပ်တွေ ၂၀၁၀ ခုနှစ် သြဂုတ်လမှာ ဆုတ်ခွာဖို့ အစီအစဉ်ကို အီရတ်ခေါင်းဆောင်တွေက ကြိုဆိုလိုက်ပါတယ်။ အီရတ်လုံခြုံရေးတပ်ဖွဲ့တွေ အီရတ်နိုင်ငံရဲ့ လုံခြုံရေးကို တာဝန်ယူနိုင်ပြီဆိုတာ သက်သေပြသပြီး ဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ် နိုရီအယ်လ် မာလိကီ က စနေနေ့က ပြောကြားလိုက်ပါတယ်။

အီရတ်နိုင်ငံအတွက် လိုအပ်မယ့် လက်နက်နဲ့ တခြား စစ်လက်နက်ပစ္စည်းတွေကို အမေရိကန်ဘက်က အကူအညီပေးဖို့ သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။ မြောက်ကယ်ရိုလိုင်းနားပြည်နယ် က အမေရိကန် မရင်း (Marine) တပ်စခန်းမှာ အခုလို အမေရိကန်တပ်တွေ အီရတ်နိုင်ငံကနေ ဆုတ်ခွာဖို့ အစီအစဉ်ကို မကြေညာခင်မှာ သမ္မတ ဘရက်ခ်အိုဘားမား က ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး မစ္စတာ မာလိကီ ကို ရှင်းပြခဲ့ပါတယ်။

အီရတ် ဒု-သမ္မတ တာရစ် အယ်လ်ဟာရှေမီ ကလည်း အမေရိကန်တပ်တွေ ထွက်ခွာဖို့ လုပ်ဆောင်နေတဲ့ အစီအစဉ်ကို ချီးကျူးပြောဆိုလိုက်ပါတယ်။ ဒါပေမယ့် အီရတ်တပ်တွေကို ပြင်ဆင်မှုတွေ ထပ်ပြီးတော့လုပ်ပေးဖို့ အမေရိကန် တပ်တွေမှာ တာဝန်ရှိသေးတယ်လို့ စနေနေ့က ပြောကြားလိုက်ပါတယ်။ တချိန်တည်းမှာပဲ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေ နီကတော့ အမေရိကန်တပ်တွေဟာ အီရတ်နိုင်ငံမှာ ရေရှည်နေနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ဆိုလိုက်ပြီး၊ အမေရိကန်တပ်တွေ ရှိနေတာဟာ အီရတ်နိုင်ငံ အတွက် ဆိုးကျိုးပဲဖြစ်စေတယ်လို့ ပြောလိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG