သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လဘနွန် ဝန်ကြီးချုပ်ဟောင်း လုပ်ကြံခံရတဲ့အမှု နိုင်ငံတကာတရားရုံး စတင်ဖွင့်လှစ်


လဘနွန် ဝန်ကြီးချုပ်ဟောင်း ရာဖစ် ဟာရီရီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကိစ္စမှာ ပါဝင်တယ်လို့ သင်္ကာမကင်း ရှိသူတွေအပေါ် ကြားနာ အပြစ်ပေးမယ့် နိုင်ငံတကာခုံရုံးကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ အထူးအခမ်းအနားနဲ့ ဒီနေ့ ဖွင့်လှစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်မှုနဲ့ ပတ်သက်လို့ ဆက်နွယ်နေတဲ့ ဆီရီးယားလိုလားသူ ဗိုလ်ချုပ်လေးဦးကို တရားရုံးထံ လက်ပြောင်းဖို့ ကုလသမဂ္ဂ ရဲ့ အထူးတရားရုံး ရှေ့နေ Daniel Bellemare က လဘနွန်နိုင်ငံကို တောင်းဆိုပါလိမ့်မယ်။ မျှမျှတတ တရားစီရင်နိုင်ရေးအတွက် ဖြစ်နိုင်သမျှ အားလုံးကို လုပ်ဆောင်သွားမယ်လို့ Bellemare က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ တရားရုံးမှာ ပထမဆုံး ကြားနာမယ့် ရက်ကိုတော့ အသေးစိတ် ကြေညာခြင်း မရှိသေးပါဘူး။

၂၀၀၅ခုနှစ် ဖေဖဝါရီလ ၁၄ရက်နေ့ လဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ မစ္စတာ ဟာရီရီနဲ့ အခြား ၂၂ဦး ဗုံးခွဲ သတ်ဖြတ်ခံရတဲ့ကိစ္စကို အခု အထူးတရားရုံးကနေ ကြားနားစစ်ဆေးမှာဖြစ်ပါတယ်။ လဘနွန် တရားရေးဝန်ကြီး Ibrahim Najjar ကတော့ လဘနွန်နိုင်ငံအနေနဲ့ ကုလသမဂ္ဂခုံရုံးနဲ့ အပြည့်အဝပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG