သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟီလာရီ ကလင်တန် အီဂျစ် ဂါဇာကူညီရေး ညီလာခံ တက်ရောက်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသ ပြန်လည် ထူထောင်ရေးအတွက် နိုင်ငံတကာ အလှူရှင်များ အစည်းအဝေးကို တက်ရောက်ဖို့် အီဂျစ်နိုင်ငံ ရှန်အယ်ရှိတ် အပန်းဖြေမြို့မှာ ရောက်ရှိနေပါတယ်။ ဒီနှစ်ဆန်းပိုင်းက အစ္စရေးတွေ ထိုးစစ်ဆင်ခဲ့လို့ ပျက်စီး ယိုယွင်းခဲ့တဲ့ ဂါဇာဒေသ အတွက် အလှူငွေ ကောက်ခံပွဲကို တနင်္လာနေ့က ကျင်းပတဲ့အခါ အမေရိကန်က အမေရိကန် ဒေါ်လာ သန်း ၉၀၀ ပေးမယ်လို့ မျှော်လင့်ရပါတယ်။ ဂါဇာဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ဒေါ်လာသန်းပေါင်း ၂၈၀၀လောက် လိုမယ်လို့ ပါလက်စတိုင်း အာဏာပိုင်တွေက ပြောပါတယ်။

ဗြိတိန် ဝန်ကြီးချုပ်ဟောင်းဖြစ်တဲ့ နိုင်ငံတကာ အရှေ့ အလယ်ပိုင်းဆိုင်ရာ သံအရာရှိ တိုနီ ဘလဲဟာ တနင်္ဂနွေနေ့မှာ ဂါဇာဒေသ အပျက်အဆီးတွေ အတွက် ပြန်လည်တည်ဆောက်ရေး လိုအပ်ချက်တွေကို စစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ ဒီဒေသအတွက် နိုင်ငံတကာက ကူညီမှုတွေဟာ အစ္စရေး ဟားမက်စ် ပြဿနာ ဖြေရှင်းဖို့ အဖြေမရမချင်း တာရှည်ခံမှာ မဟုတ်ဘူးလို့ တိုနီဘလဲ က ပြောပါတယ်။ ဒီဒေသမှာ ၂၀၀၇ခုနှစ် ဟားမက်စ်တွေ ထိန်းချုပ်ခဲ့ပြီးနောက်ပိုင်း အစ္စရေးနဲ့ အီဂျစ်အတွက် အခက်အခဲတွေ အများကြီး ပေါ်ပေါက်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG