သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းလဲလာမယ့် အမေရိကန် နိုင်ငံခြားရေးမူဝါဒ အပေါ် အန်စီဂျီယူဘီ တုန့်ပြန်ချက်


မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒ (foreign policy) မှာ ပြန်လည်သုံးသပ်စရာတွေရှိနေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး (Secretary of State) ဟီလာရီ ကလင်တန် (Hillary Clinton) က သူမရဲ့ အာရှနိုင်ငံများခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ မူဝါဒမှာ ဘယ်လိုအပြောင်းအလဲတွေရှိလားနိုင်မလဲ၊ ဒီလို မူဝါဒ အပြောင်းအလဲတွေအတွက် စဉ်စားသုံးသပ်နေတဲ့အချိန်မှာ အမေရိကန်ပြည်ထောင်စုမှာ အခြေစိုက် လှုပ်ရှားနေတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) အနေနဲ့ ဘယ်လောက်ထိ အကြံဉာဏ်တွေပေးနိုင်မလဲ၊ ဘယ်လို တိုက်တွန်းတုန့်ပြန် လုပ်ဆောင်နိုင်မလဲ၊ ဘာတွေပြင်ဆင်လုပ်ဆောင်နေသလဲ စသည်တို့နဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညွှန့်ပေါင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိန်ဝင်း အား ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG