သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြား (Skin) ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၁)


အခုတပါတ် တင်ပြသွားမယ့် skin နဲ့ ပတ်သက်တဲ့ အီဒီယံအသုံးအနှုန်းများမှာ skin game, jumping-out of the skin, skinflint နဲ့ all skin and bones တို့ ဖြစ်ပါတယ်။

Skin စကားလုံးအဓိပ္ပါယ်ကို အင်္ဂလိပ် အဘိဓာန်ထဲမှာ ရှင်းလင်းချက်အမျိုးမျိုးပေးထားပေမယ့် skin ဆိုတာ လူ့ခန္ဓာကိုယ်ကို ဖုံးလွမ်းနေတဲ့ အရေပြားလို့ အများသိထားကြပါတယ်။ ကြိယာအနေနဲ့ အသုံးပြုရင် skin ရဲ့ အဓိပ္ပါယ်ဟာ ပြောင်းလဲသွားပြီး တဦးတယောက်အပေါ်မှာ ငွေလိမ်ယူတာ၊ ဘမ်းစကားအားဖြင့် နွှာယူတဲ့ သဘောဖြစ်ပါတယ်။ skin ဝေါဟာရကို အသုံးပြုလာတာ နှစ်ပေါင်း နှစ်ရာကျော် ရှိခဲ့ပြီလို့ မှတ်တမ်းများမှာ တွေ့ရှိရပါတယ်။

Skin Game - တိုက်ရိုက်ပြန်ဆိုရင် အရေပြား ကစားပွဲ လို့ ဆိုနိုင်ပေမယ့် အီဒီယံဘမ်းစကားမှာတော့ မတရားတဲ့ လောင်ကစားပွဲ (ဖဲဝိုင်း) ကို ဆိုလိုပါတယ်။

"In a bar in Chicago last week, these three guys invited me to a friendly poker game. They let me win the first couple of hands and then up the stage. Do you know I lost five thousand bucks by the time I realized I have been caught in a skin game?"
"ပြီးခဲ့တဲ့ သတင်းပတ်တုန်းက ရှိကာကို အရက်ဆိုင်တဆိုင်မှာ လူသုံးယောက်က ကျနော့်ကို မိတ်ဖွဲ့လာပြီး ဖဲကစားဖို့ ဖိတ်ခေါ်ခဲ့ကြတယ်။ ဝိုင်းအစမှာတော့ ကျနော့်ကို သူတို့ အနိုင်ပေးခဲ့ပြီး လောင်းကြေးကို မြှင့်ခဲ့ကြတယ်။ သူတို့ပေါင်းပြီး ကျနော်ကို ဝိုင်းနွှာကြတယ်ဆိုတာကို ကျနော်သိတဲ့အချိန်မှာတော့ ဒေါ်လာ ငါးထောင် ရှုံးနေတဲ့အခြေအနေ ရောက်နေပါပြီ။"

Jumping-out of the skin (with surprise) - တိုက်ရိုက်အဓိပ္ပါယ်ကတော့ ရုတ်တရက် မမျှော်လင့်တာနဲ့ တွေ့ကြုံရတဲ့ လူတဦးဟာ လိပ်ပြာလန့်မတက် ဖြစ်သွားတဲ့ သဘောကို ဆိုလိုပါတယ်။ အရေပြားနဲ့ ခန္ဓာကိုယ် ကွာမတက် လန့်တဲ့သဘောပေါ့၊ မြန်မာတွေ ပြောကြတဲ့ သဲထိုက်ရင်ဖို မျက်ကလဲ ဆန်ပြာ ဖြစ်ရတဲ့ သဘောမျိုး၊ ကြောက်စရာ လန့်စရာ ကြုံတွေ့ရရင် အန္တရာယ်က မိုးကြိုးသွား ပစ်သလို ဒိုင်းကနဲ့ ရှေ့တည့်တည့်ရောက်လာခဲ့ရင် လူ့ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို Jumping-out of the skin နဲ့ ရည်ညွှန်းအသုံးပြုလို့ ရပါတယ်။ တခါတရံ မမျှော်လင့်ဘဲ ဝမ်းသာလုံးစို့တဲ့ အဖြစ်မျိုးနဲ့ ကြုံတွေ့ရရင်လည်း ဒီအသုံးအနှုန်းကို အသုံးပြုပြောဆိုနိုင်ပါတယ်။

"When the door opened, I almost jumped-out of my skin. There was my brother arms loaded with Christmas presents. He lives all the way out in California, but he decided to surprise me by flying to Washington for Christmas."
"တခါးဖွင့်လိုက်တော့ ကျနော် တအံ့တသြ လှိုက်မောဝမ်းသာဖြစ်သွားခဲ့တယ်။ ကျနော့်ရှေ့မှာ ကျနော့်ညီငယ်ဟာ ခရစ်စမတ်လက်ဆောင်တွေ တပွေ့တပိုက်ကြီးနဲ့ ရောက်နေလို့ပဲ။ သူဟာ ဟို ကယ်လီဖိုးနီးယားပြည်နယ်မှာ နေတာဖြစ်ပြီး ခရစ်စမတ်အတွက် ကျနော်တို့ကို ရုတ်တရက် ဝမ်းသာရအောင် ဝါရှင်တန်ကို လေယာဉ်နဲ့လာခဲ့ခြင်းဖြစ်တယ်။"

Skinflint - flint အဓိပ္ပါယ်မှာ မီးမွှေးရာမှာ အသုံးပြုတဲ့ မီးခတ်ကျောက်ကို ခေါ်ခြင်းဖြစ်ပါတယ်။ နာမဝိသေသန ဖြစ်တဲ့ flinty ကတော့ မာကြောခက်ထန်တဲ့ သဘောရပါတယ်။ ပေါင်းစုတွဲ စကားလုံး skinflint အဓိပ္ပါယ်ကတော့ သူဖို့ကလွဲရင် ဘယ်သူအတွက်မှာ မသိတက်တဲ့ လူ့ ကပ်စီးနည်း ကော်တရာကြီး လို့ အဓိပ္ပါယ် ရပါတယ်။

"Oh, there's Mr. Grey. I bet he has a million dollar in a bank, but he is such a skinflint that's his wife and daughter dress like baggers. And, never get to go out."
"ဟိုမှာ လာနေတာ မစ္စတာ ဂရေး တယောက်ပေါ့။ ကျနော် လောင်းရဲတယ်ဗျာ သူရဲ့ ဘဏ်ထဲမှာ အနည်းဆုံး ဒေါ်လာတစ်သန်းလောက် ရှိတယ်။ ဒါပေမယ့် သူက ဘယ်လောက် ကပ်စီးနည်း ကော်တရာ ဖြစ်လည်းဆိုရင် သူ့ဇနီး နဲ့ သမီးတို့ဟာ အဝတ်အစားဝတ်တာ ဆုတ်ဆုတ်ပြတ်ပြတ်ဖြစ်ပြီး အပြင်ကိုလည်း ဘယ်မှပေးမသွားဘူး။"

All skin and bones - အရိုး နဲ့ အရေပြားတွေဘဲ လို့ တိုက်ရိုက်ပြန်ဆိုနိုင်ပါတယ်။ မြန်မာစကားမှာလည်း အရိုးပေါ်အရေတင် ဆင်တူအသုံးအနှုန်း ရှိပါတယ်။

"Have you seen Henery lately? For two months, he has been on this special diet to lose weight. Well, he is taking off forty pounds, and now he is all skin and bones."
"ဟန်နရီ တယောက်ကို အခုတလော တွေ့မိသေးလား။ သူဟာ ကိုယ်အလေးချိန်လျှော့ဖို့ အစားလျှော့နေတာ နှစ်လလောက်ရှိသွားပြီ။ အခု သူ ပေါင်လေးဆယ်လျှော့သွားလို့ အရိုးပေါ်အရေတင် ဖြစ်နေပြီ။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG