သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံဒေသတွင်း ကုန်သွယ်ရေးနဲ့ မြန်မာနိုင်ငံ


မတ် ၀၂၊ ၂၀၀၉ - ၂၀၁၅ ခုနှစ်မှာ အရှေ့တောင်အာရှ စီးပွားရေးအသိုက်အဝန်းလို့ဆိုရ
မယ့် ASEAN Economic Community ထူထောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ ကြိုးပမ်း
အားထုတ်နေကြပါတယ်။ ဒီအတွက် အရေးကြီးတဲ့အခြေခံတွေအဖြစ် စီးပွားရေးဆိုင်ရာ
သဘောတူညီချက်တွေကို ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ အာဆီယံ စီးပွားရေးနဲ့
ကုန်သွယ်ရေးဝန်ကြီးတွေ လက်မှတ်ရေးထိုး သဘောတူခဲ့ကြပါတယ်။

ဒါ့အပြင် သြစတြေးလျ၊ နယူးဇီလန်နိုင်ငံတို့နဲ့ အာဆီယံဒေသအကြား လွတ်လပ်စွာ
ကုန်သွယ်ရေးဇုန်ထူထောင်ရေး သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးခဲ့
ကြပါတယ်။ ဒီ့မတိုင်ခင်တုန်းကလည်း ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနိုင်ငံတွေနဲ့
အလားတူ သဘောတူညီချက်တွေ လက်မှတ်ထိုးခဲ့ပြီးပါပြီ။ အိန္ဒိယနိုင်ငံနဲ့လည်း
လာမယ့်ဧပြီလမှာ လက်မှတ်ရေးထိုးဖို့ရှိပါတယ်။

ဒါပေမယ့်လည်း လက်ရှိဖြစ်နေဆဲ ကမ္ဘာတဝန်း စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုကြောင့်
အာဆီယံဒေသတွင်းမှာ စီးပွားရေး အဖွံ့ ဖြိုးဆုံးလို့ဆိုတဲ့ စင်္ကာပူနိုင်ငံတောင်မှ
Recession လို့ခေါ်တဲ့ စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုနဲ့ ကြုံနေရပြီဖြစ်ပါတယ်။

ထိုင်း ထုတ်ကုန်-သွင်းကုန်ဘဏ်ရဲ့ဥက္ကဋ္ဌ၊ စီးပွားရေးဝန်ကြီးဟောင်း Narongchai
Akrasanee ကတော့ အိမ်နီးချင်းနိုင်ငံတွေဟာ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးတွေကို
အပြန်အလှန် လုပ်ဆောင်လာကြတာကြောင့် ကမ္ဘာ့စီးပွားရေးအကျပ်အတည်းက
အာရှ စီးပွားရေးပေါင်းစပ်မှုကို အရှိန်ကောင်းစေလိမ့်မယ်လို့ အကောင်းဘက်က
ရှုမြင်ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG