သမ္မတ ဘရက်ခ် အိုဘားမား (Barack
Obama) က အင်္ဂါနေ့က အိမ်ဖြူတော်မှာ
ဧည့်သည် ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန်
ဘရောင်း (Gordon Brown) နဲ့ ဆွေးနွေးအပြီး
အမေရိကန်-ဗြိတိန် နှစ်နိုင်ငံကြားထားရှိတဲ့
အထူးဆက်ဆံရေး၊ တန်ဖိုးများ မျှဝေရေးတွေက
အရေးကြီးကြောင်း ပြောဆိုကြပါတယ်။
စီးပွားရေးအကျပ်အတည်းနဲ့ လုံခြုံရေးကိစ္စရပ်
များအပေါ် ပူးတွဲဆောင်ရွက်ရေး၊ အာဖဂန်
စစ်ပွဲလို နိုင်ငံခြားရေးရာ ၀ါဒများကိုလည်း
ဆွေးနွေးကြတယ်လို့ သမ္မတ အိုဘားမားက
ပြောပါတယ်။
အာဖဂန်နစ္စတန်နိုင်ငံမှာ ဗြိတိန်နိုင်ငံရဲ့ ထောက်ခံမှုကြောင့် ကျေးဇူးတင်ကြောင်း၊
အာဖဂန်နဲ့ ပါကစ္စတန်တို့မှာ အကြမ်းဖက်သမားများ ကွန်းခိုခွင့်မပေးရေးအပေါ်
အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတို့ အလေးထားကြတယ်လို့လည်း သမ္မတ အိုဘားမားက
ပြောဆိုပြီး စီးပွားရေးနဲ့ပတ်သက်လို့ ဗြိတိသျှဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်းက …
“ဘဏ်ဆိုးတခုဟာ ဘယ်နေရာမှာမဆို ဘဏ်ကောင်းတွေကို ထိခိုက်၊ ဒုက္ခပေးတယ်။
အဲဒါကြောင့် ပြဿနာရင်းကို အမြစ်ကနေလှန်ပစ်ပြီး စနစ်ကောင်းတရပ်ကို ချထားနိုင်
မှသာလျှင် အနာဂတ်မှာ နိုင်ငံတိုင်းက လူတိုင်းကို ဘဏ်တွေက စနစ်တကျ ငွေချေး
နိုင်မှာ။” လို့ အိမ်ဖြူတော်မှာ သမ္မတ အိုဘားမားနဲ့ ဆွေးနွေးအပြီး ပြောကြားခဲ့ပါတယ်။