သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆူဒန် သမ္မတ ဘရှား ကို ဖမ်းဝရမ်းထုတ်


နယ်သလန်နိုင်ငံ သဟိတ် မြို့တော်မှာရှိတဲ့ နိုင်ငံတကာ ပြစ်မှု တရားရုံးက ဆူဒန် သမ္မတ အိုမာ အယ်ဘရှားကို စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇဝတ်မှုတွေနဲ့ ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။ တရားသူကြီး ၃ဦး အဖွဲ့က လပေါင်းများစွာ စဉ်းစားခဲ့ကြပြီးမှ အိုင်စီစီ က ဒီနေ့ပဲ ဝရမ်း ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဆူဒန် နိုင်ငံမှာ အစိုးရက ၂၀၀၃ ခုနှစ်ထဲမှာ သူပုန်တွေကို တိုက်ခိုက်နေတဲ့ ဒါဖော ဒေသမှာ အရပ်သားတွေကို စနစ်တကျ ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ဖို့ မစ္စတာ ဘရှား စီစဉ်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိတယ်လို့ တရားသူကြီးတွေက ပြောပါတယ်။ လူသတ်မှု၊ မုဒိန်းမှု၊ ညှင်းပန်း နှိပ်စက်မှု၊ အဆုံး စီရင်မှု၊ အတင်း အဓမ္မ လွှဲပြောင်းမှုတွေ အပါအဝင် ရာဇဝတ်မှုပေါင်း ၅မှုကို ဝရမ်းထဲမှာ ဖော်ပြထားပါတယ်။

စစ်ရာဇဝတ်မှုတွေ ဖြစ်တဲ့ စစ်သားတွေရဲ့ လုယက် ဖျက်ဆီးမှုတွေ၊ အရပ်သားတွေကို တိုက်ခိုက်ဖို့ ညွှန်ကြားတဲ့ ပြစ်မှုလည်း ပါဝင်ပါတယ်။ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကတော့ ဝရမ်းထဲမှာ မပါဝင်ပါဘူး။ မစ္စတာ ဘရှားဟာ သူပုန်တွေကို ထောက်ခံတယ်လို့ ယူဆရတဲ့ လူမျိုးစု ၃စုကို အမြစ်ဖြုတ်ဖို့ ကြိုးစားတယ်ဆိုတာကို အမှုလိုက်ရှေ့နေတွေ သက်သေ မပြနိုင် ဖြစ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG