ကျောင်းသားလူငယ်ဆိုတာဟာ ငြိမ်းချမ်းစွာ ပညာသင်ကြားရေးကိုပဲ လုပ်သင့်တယ်၊ လုပ်ရမယ်လို့ မြန်မာစစ်အစိုးရက ပြောနေပေမယ့် ကျောင်းသားလူငယ်တွေကို အဓမ္မ သိမ်းသွင်း စည်းရုံးထားတဲ့ ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့ကို ဖွဲ့စည်းပြီး နိုင်ငံရေး လုပ်ငန်းတွေကို လုပ်ခိုင်း နေပါတယ်။ ရွေးကောက်ပွဲဝင်ဖို့တောင် တနည်းနည်းနဲ့ ပြင်ဆင်နေတယ်ဆိုပြီး သိနေရပါတယ်။ ဒီအခြေအနေတွေကို နောက်ခံထားပြီး ကျောင်းသား လူငယ်နဲ့ နိုင်ငံရေးဆိုတာကို ပညာရေး သုတေသနမှာ လုပ်ကိုင်ခဲ့ဘူးတဲ့ ကဗျာဆရာကြီး မောင်စွမ်းရည်၊ ပညာရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ဒေါက်တာ သိန်းလွင်တို့နဲ့ ဦးကျော်ဇံသာက သောတရှင်တွေကို တွေ့ဆုံပေးထားပါတယ်။