သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ ပြစ်မှုခုံရုံးရဲ့ ဖမ်းဝရမ်း ဆူဒန်သမ္မတ လက်မခံ


ဒါဖောဒေသမှာ စစ်ရာဇဝတ်ပြစ်မှုတွေ
ကျူးလွန်မှုနဲ့ ICC နိုင်ငံတကာ တရားရုံးကနေ
ဖမ်းဝရမ်းထုတ်ခဲ့ပြီးတဲ့ နောက်တနေ့မှာပဲ ICC
တရားရုံးရဲ့ လုပ်ဆောင်မှုတွေကို ဆူဒန်သမ္မတ
အိုမာ အယ်လ်-ဘရှား (Omar al-Bashir) က
ရှုတ်ချ ပြစ်တင်လိုက်ပါတယ်။

သူ့ကိုထောက်ခံသူ ထောင်ပေါင်းများစွာ
ကြာသပတေးနေ့က ခါတွန်မြို့တော်မှာ
လာရောက်စုဝေးရာမှာ မစ္စတာဘရှားက
အခုလို ပြစ်တင်လိုက်တာဖြစ်ပြီး လူအုပ်နဲ့
အတူ သူကိုင်ဆောင်နေကျ တုတ်ကောက်ကို
ဝှေ့ယမ်း ကခုန်ခဲ့ပါတယ်။

ICC ရဲ့ဆုံးဖြတ်ချက်ဟာ ဆူဒန်နိုင်ငံရဲ့ ရေနံနဲ့ တခြားသယံဇာတတွေကို ချယ်လှယ်ချင်
တဲ့ အနောက်နိုင်ငံတွေရဲ့ လုပ်ဆောင်မှု တစိတ်တပိုင်း ဖြစ်ပါတယ်လို့လည်း ပြောဆိုခဲ့
ပါတယ်။ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ဆူဒန်
အရာရှိတွေက ရှင်းရှင်းလင်းလင်းပဲ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

မစ္စတာဘရှားကို ရာဇဝတ်ပြစ်မှုအပြင် လူသတ်မှု၊ မုဒိမ်းကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှု
အပါအဝင် လူမဆန်တဲ့ ရာဇဝတ်မှု ၇ မှုနဲ့ ICC နိုင်ငံတကာခုံရုံးက ဗုဒ္ဓဟူးနေ့မှာ
ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

ဆူဒန်အစိုးရဟာ Oxfam၊ နယ်ခြားမဲ့ဆရာဝန်များအဖွဲ့၊ Care နဲ့ Save the Children
အပါအဝင် နိုင်ငံရပ်ခြားက ကယ်ဆယ်ကူညီရေးအဖွဲ့ ၁၃ ဖွဲ့ကို ဆူဒန်နိုင်ငံထဲမှာ
လုပ်ကိုင်ခွင့်လိုင်စင်တွေကို ချက်ချင်းပဲ ပိတ်ပင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG