သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါလက်စတိုင်းဝန်ကြီးချုပ် နုတ်ထွက်


ပါလက်စတိုင်း ညီညွတ်သော အစိုးရတရပ် ဖွဲ့စည်းရေး လမ်းဖွင့်ပေးတဲ့အနေနဲ့ ပါလက်စတိုင်းဝန်ကြီးချုပ် စလာမ် ဖေယက်ဒ် (Salam Fayyad) ရာထူး က နုတ်ထွက်ပေးလိုက်ပါတယ်။

သူ့ရဲ့နုတ်ထွက်လွှာကို ပါလက်စတိုင်းသမ္မတ မာ့ခ်မုဒ် အဘာ့စ် (Mahmud Abbas) ထံ တင်သွင်းလိုက်ပြီလို့ မစ္စတာ ဖေယက်ဒ် က စနေနေ့မှာ ပြောပါတယ်။ ညီညွတ်သော ပါလက်စတိုင်းအစိုးရတရပ်ကို ဒီလကုန်မှာ ဖွဲ့စည်းပြီးတဲ့အခါ သူ့ရဲ့နှုတ်ထွက်လွှာ အတည်ဖြစ်ပါလိမ့်မယ်။

မစ္စတာအဘာ့စ် နဲ့ သူ့ရဲ့ပြိုင်ဘက် ဟားမားစ်အဖွဲ့တို့အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေ ပြန်မစခင် အခုလို နုတ်ထွက် လိုက်တာဖြစ်ပါတယ်။

ဟားမားစ်အဖွဲ့က ၂၀၀၇ ခုနှစ်မှာ ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်လိုက်ပြီးတဲ့နောက် မစ္စတာဖေယက်ဒ် ကို ၀န်ကြီးချုပ် အဖြစ် မစ္စတာအဘာ့စ်က ခန့်ထားခဲ့တာပါ။

မစ္စတာဖေယက်ဒ် နှုတ်ထွက်ပေးဖို့ ဟားမားစ်အဖွဲ့က ထပ်ခါတလဲလဲ တောင်းဆိုခဲ့ဖူးပြီး သူ့အစိုးရဟာ တရားဝင်မှုမရှိတဲ့အပြင် အခြေခံဥပဒေနဲ့လည်း မညီညွတ်ဘူးလို့ စနေနေ့မှာပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG