သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား-အမေရိကန် ဆက်ဆံရေး ပြန်ကောင်း


အမေရိကန်နဲ့ ဆီးရီးယား နှစ်နိုင်ငံအကြား ၂၀၀၅ ခုနှစ်ကနေ စတွက်ရင် အဆင့်အမြင့် ဆုံးဆွေးနွေးပွဲလို့ ဆိုရမယ့် အမေရိကန် ရဲ့ ကိုယ်စားလှယ်တွေနဲ့ ဆီးရီးယား အရာရှိကြီးတွေရဲ့ တွေ့ဆုံမှုဟာ မနေ့တုန်းက ဆီးရီးယားမြို့တော် ဒမားစကပ်စ် မှာ ကျင်းပခဲ့ပါတယ်။ အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီ ဖလက်တမင် နဲ့ သမ္မတ အိမ်ဖြူတော် အရာရှိ ဒယ်နီယယ် ရှပီးရိုး တို့ဟာ ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီး ဝါလိဒ် အလ် မိုလမ်း နဲ့ နှစ်နိုင်ငံ အကျိုးတူ ဆက်ဆံရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ အမေရိကန် ကိုယ်စားလှယ်တွေက ပြောပါတယ်။

အဲဒီပြောဆိုမှုမှာ နှစ်နိုင်ငံအကြား ဘုံရပ်တည်ချက်တွေနဲ့ လုပ်ကိုင်လို့ရတဲ့ အခြေအနေတွေ အများကြီးတွေ့ ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆီးရီးယားနိုင်ငံရဲ့ အနေအထားဟာ အရှေ့အလယ်ပိုင်း အရေးကိစ္စတွေမှာ အရေးကြီးတဲ့ နိုင်ငံဖြစ်သလို အပြုသဘောနဲ့ လှုပ်ရှားမယ့် နိုင်ငံလည်း ဖြစ်တယ်လို့ အမေရိကန် ယာယီလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဂျက်ဖရီ ဖလက်တမင် က ပြောပါတယ်။

လက်ဘနွမ်ဝန်ကြီးချုပ်ဟောင်း ဟာရီရီ လုပ်ကြံခံခဲ့ရတဲ့ ၂၀၀၅ ခုနှစ်ကစပြီ ဆီးရီးယားနိုင်ငံမှာ အမေရိကန်ဆိုင်ရာ သံအမတ် မထားခဲ့တာပါ။ ဒီလုပ်ကြံမှုမှာ ဆီးရီးယားဘက်က ပါဝင်ပတ်သက်မှု မရှိဘူးလို့ ဆီးရီးယားက ငြင်းထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG