သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နောက်ထပ် အကူအညီပေးလုပ်သားများ တိုင်းပြည်မှ နှင်ထုတ်မည်ဟု ဆူဒန်သမ္မတ အကျပ်ကိုင်


ဆူဒန် ဒါဖောဒေသ က စစ်ရာဇဝတ်မှု စွဲချက်နဲ့ ဆူဒန် သမ္မတကို အိုင်စီစီ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှု ခုံရုံးက ဖမ်းဝရမ်း ထုတ်လိုက်ပြီးတဲ့နောက် သမ္မတ အိုမာ အယ် ဘရှီးလ်ဟာ ဒါဖောဒေသကို ပထမဆုံးအကြိမ် ရောက်ရှိနေပါတယ်။ ဒါဖော မြောက်ပိုင်း အယ်ပရှား ကို လေယာဉ်နဲ့ ရောက်ရှိတဲ့နောက် ထောင်နဲ့ချီတဲ့ ထောက်ခံသူတွေဟာ မစ္စတာ ဘရှီးလ်ကို တနင်္ဂနွေနေ့မှာ ကြိုဆိုခဲ့ကြပါတယ်။ အဲဒီ မြို့မှာပဲ မစ္စတာ ဘရှီးလ် က စုဝေးနေတဲ့ လူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အစိုးရအနေနဲ့ ဆူဒန် ဥပဒေကို ချိုးဖောက်တဲ့ အကူအညီပေးရေး အုပ်စုတွေ၊ သံတမန်တွေနဲ့ ငြိမ်းချမ်းရေးတပ်တွေ ဘယ်သူ့ကို မဆို ဒေသကနေ နှင်ထုတ်မယ်လို့ မစ္စတာ ဘရှီးလ်က ပြောသွားပါတယ်။ အခုလို အိုင်စီစီကနေ မစ္စတာ ဘရှီးလ်ကို ဖမ်းဝရမ်း ထုတ်လိုက်ပြီးတဲ့နောက် ဆူဒန်နိုင်ငံမှာ ကြာသာပတေးနေ့ကတည်းက နိုင်ငံခြား အကူအညီပေးရေး အဖွဲ့တွေကို အစိုးရက အဲဒီဒေသမှာ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်ခဲ့ပါတယ်။ ကုလသမဂ္ဂတာဝန်ရှိသူတွေက ဆုံးဖြတ်ချက်ကို ပြန်စဉ်းစားဖို့ ဆူဒန်နိုင်ငံ ကို တောင်းဆိုထားပါတယ်။ ဒီအဖွဲ့တွေကို နှင်ထုတ်တာကြောင့် သန်းနဲ့ချီတဲ့ ဒေသခံတွေဟာ အစားအစာ၊ ရေနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ချို့တဲ့လာမယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG