သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်မကလာပ်စည်း သုတေသန ကန့်သတ်ချက် အိုဘားမား ရုပ်သိမ်း


လူသားရဲ့ ပင်မသန္ဓေသား ကလာပ်စည်းကို
အသုံးပြုပြီး ဆေးသိပ္ပံအတွက် သုတေသန
လုပ်တဲ့နေရာမှာ ဗဟိုအစိုးရရဲ့ ဘဏ္ဍာငွေကြေး
အသုံးမပြုရလို့ သူ့အရင်သမ္မတ ကန့်သတ်ထား
ခဲ့တာကို ပယ်ဖျက်လိုက်တဲ့ သမ္မတအမိန့်ကို
ဘရက်ခ် အိုဘားမား (Barack Obama) က
မနေ့က လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါ
တယ်။

အကြီးအကျယ် ဒုက္ခပေးနေတဲ့ ရောဂါဆိုးကြီး
များနဲ့ ရောဂါအခြေအနေများကို ကုသ
ကိုင်တွယ်နိုင်ရေး သိပ္ပံသုတေသီများကို အဲဒီ
လူသားပင်မ ကလာပ်စည်းများက အထောက်
အကူပြုလိမ့်မယ်လို့ သိပ္ပံပညာရှင်များက
ယုံကြည်ကြကြောင်း အိမ်ဖြူတော်မှာ သမ္မတအိုဘားမားက ရှင်းလင်းပြောဆိုပါတယ်။

အရွယ်ရောက်ပြီးသူရဲ့ မူလအရင်းခံ ကလာပ်စည်းလိုမဟုတ်ဘဲ မူလသန္ဓေသားရဲ့
ကလာပ်စည်းက လူ့ခန္ဓာကိုယ်ထဲမှာ ဘယ်လိုတစ်ရှူးမျိုးနဲ့မဆို ကြီးထွားနိုင်လို့ ဆီးချို
ရောဂါ၊ လေဖြတ်တဲ့ရောဂါများ ကုသရေးကို အထောက်အကူပြုနိုင်ကြောင်း သိပ္ပံ
ပညာရှင်များက ယုံကြည်နေကြပါတယ်။

အဲဒီသုတေသနအတွက် ပြည်သူလူထုရဲ့ အခွန်ဘဏ္ဍာငွေ သုံးစွဲခွင့် ပိတ်ပင်တဲ့ အမိန့်
ပြဋ္ဌာန်းချက်တရပ်ကို သမ္မတဘုရှ်က ၂၀၀၁ ခုနှစ် သြဂုတ်လမှာ လက်မှတ်ရေးထိုးခဲ့
တာ ဖြစ်ပါတယ်။

အဲဒီလုပ်ငန်း ဆန့်ကျင်သူတွေက ဒီသုတေသန ပြုလုပ်မှုဟာ လူ့ကျင့်ဝတ်နဲ့ မကိုက်
ညီဘူး၊ လူ့အသက်ကို သေစေတယ်လို့ ဝေဖန်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG