သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေပြား (Skin) ဆိုင်ရာ အီဒီယံအသုံးအနှုန်းများ (၂)


ဒီတပါတ် တင်ပြမယ့် အရေပြား (skin) ဆိုင်ရာ အီဒီယံအသုံးအနှုန်းများကတော့ skin deep, no skin of my nose, to get under your skin နဲ့ save my skin တို့ဖြစ်ကြပါတယ်။

skin deep - အရေပြားဟာ လူတိရစ္ဆာန်တို့ရဲ့ ခန္ဓာကိုယ်ကို အပေါ်ယံဖုံးအုပ်နေတာဖြစ်ပြီး တကယ်အရေးကြီး ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ အသဲနှလုံး နဲ့ ဦးနှောက်တို့ဟာ ခန္ဓာကိုယ်အတွင်းဖက်ပိုင်းမှာ ရှိတယ်ဆိုတာ လူတိုင်းအသိဖြစ်ပါတယ်။ ဖြူတယ် မဲတယ် လှတယ် အကျဉ်းတန်တယ်ဆိုတဲ့ စိတ်ခံစားရမှုမျိုးဟာ အပေါ်ယံကြောဖြစ်ပြီး skin deep သာ ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီအသုံးနဲ့ ပတ်သက်ပြီး beauty is only skin deep ဆိုတဲ့ အလှဆိုတာ အပေါ်ယံကြောပါ ဆိုရိုးစကား ရှိပါတယ်။

"Maung Maung likes to brag about all the friends he has. But, to tell the truth, his friendships are only skin deep. The only person he really cares about deep down in his heart is himself."
"မောင်မောင်ဟာ သူမိတ်ဆွေတွေအကြောင်း သိပ်ပြီးကြွားချင်တာပဲ။ အမှန်ကတော့ဗျား သူ့ခင်မင်မှုတွေဟာ အပေါ်ယံကြောပါ။ သူတကယ်ချစ်တာကတော့ သူကိုယ်သူပါပဲ။"

No skin of my nose - သွယ်ဝှိက်အဓိပ္ပါယ်ကတော့ အနေသာကြီး၊ ကိုယ်ပြဿနာမဟုတ်ဘူး၊ ကိုယ်မှာထိခိုက်နှစ်နာစရာမရှိဘူး စသည်တို့ဖြစ်ပါတယ်။

"Hey, no skin of my nose if Khin Khin is going out with that guy. I don't care what she does. I broke up with her a month ago when I met Tin Tin. Tin Tin is a lot more my style."
"ခင်ခင် တခြားတယောက်နဲ့ တွဲနေတယ်ဆိုတာ ကျနော့်အတွက် အနေသာကြီးပါ။ သူဘာလုပ်လုပ် ကျနော်နဲ့ ဘာဆိုင်တော့လို့လဲ။ ကျနော် ခင်ခင် နဲ့ အဆက်ပြတ်ခဲ့တာ တလကျော်ခဲ့ပြီး တင်တင် ကို တွေ့ခဲ့တယ်။ တင်တင်ပုံစံမျိုးက ကျနော်အကြိုက်ပိုဖြစ်တယ်။"

To get under your skin - မခံချိ မခံသာဖြစ်စရာ၊ သည်းမခံနိုင်စရာ အပြုအမှုမျိုးကြောင့် ဖြစ်ပေါ်တဲ့ ခံစားချက်ကို ဆိုလိုတာဖြစ်ပါတယ်။

"Most of the kids in my fifth period English class are great, but Maung Maung really gets under my skin. He never stops talking. He teases the girls until they cry. And, he never turns in his homework on time."
"ပဉ္စမမြောက်ကျောင်းချိန်မှာ ကျနော်အင်္ဂလိပ်စာသင်ရတဲ့ ခလေးတွေအများစုက တော်ကြပါတယ်။ ဒါပေမယ့် မောင်မောင်ကတော့ တကယ့်ကို သည်းမခံနိုင်စရာပါပဲ။ တချိန်လုံး စကားပြောနေပြီး မိန်းခလေးတွေလည်း ငိုအောင်စနောက်တယ်။ အိမ်စာကိုလည်း အချိန်မှန် မတင်ဘူး။"

Save my skin - အဓိပ္ပါယ်ကတော့ ပြဿနာကို ပြေလည်စေတဲ့ ထွက်ပေါက်ရတဲ့သဘောပါ။ အခက်အခဲက လွတ်မြောက်တယ့်သဘောလို့ သွယ်ဝှိက်ပြောဆိုနိုင်ပါတယ်။

"I was in a real trouble last night. I had to type up a term paper to turn in to my English teacher this morning. And, my typewriter broke down, but the girl next door loaned me her typewriter and really saved my skin."
"မနေ့ညက ကျနော်အကြီးအကျယ် ဒုက္ခရောက်ခဲ့တယ်။ ဖြစ်ပုံက အင်္ဂလိပ်စာအတန်းအတွက် ဒီမနက်အမီ စာတမ်းတစောင်တင်ဖို့ ရိုက်ရတာ ကျနော့်လက်နှိပ်စက် ပျက်သွားလို့ပေါ့။ တော်သေးလို့ဗျာ အိမ်နီးချင်း ကောင်မလေးတယောက်က သူ့လက်နှိပ်စက် ပေးဌားသုံးလို့ ကျနော့်ပြဿနာ ပြေလည်သွားခဲ့တယ်။"

ဆက်စပ်သတင်းများ ...

XS
SM
MD
LG