သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ် ရဲသင်တန်းကျောင်းအနီး ဗုံးခွဲ တိုက်ခိုက်ခံရ


အီရတ်နိုင်ငံ မြို့တော် Baghdad မြို့က ရဲသင်တန်းကျောင်း အပြင်ဘက်မှာ အသေခံ ဗုံးဖောက်ခွဲမှုကြောင့် လူ ၂၈ ဦးထက် မနည်း သေဆုံးခဲ့ပါတယ်။ အခုလို တိုက်ခိုက်မှုဖြစ်ပြီးတဲ့ နောက်ပိုင်း အမေရိကန် နဲ့ ဗြိတိန်က တပ်တချို့ကို လာမယ့် စက်တင်ဘာလထဲမှာ အီရတ်က ရုပ်သိမ်းမယ်လို့ ကြေငြာခဲ့တဲ့ အကြောင်း VOA သတင်းထောက် Edward Yeranian က Cairo မြို့ကနေ သတင်းပေးပို့ထားပါတယ်။

ဘက်ကဒက်မြို့က ရဲသင်တန်းကျောင်း အပြင်ဘက်တွင်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှုဟာ အီရတ်နိုင်ငံမှာ ၃ရက်မြောက်အတွင်း ဒုတိယအကြိမ် အကြီးမားဆုံး အကြမ်းဖက် တိုက်ခိုက်ခံရမှု ဖြစ်ပါတယ်။ အသေခံ တိုက်ခိုက်ခဲ့သူဟာ စက်ဘီး ဒါမှမဟုတ် မော်တော်ဆိုင်ကယ်ကို စီးပြီး ရဲသင်တန်းကျောင်းနားမှာ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ယူဆရသလို ဒီတိုက်ခိုက်မှု အတွင်း သေဆုံးမှုတွေနဲ့အတူ ဒါဇင်နဲ့ချီပြီး ဒဏ်ရာရခဲ့သူတွေလည်း ရှိပါတယ်။

အဲဒီ ရဲသင်တန်းကျောင်းက ရဲ တာဝန်ရှိသူတွေလည်း အပြင်းအထန် ဒဏ်ရာရခဲ့တယ်လို့ မျက်မြင် သက်သေတွေက ပြောပါ တယ်။ အခုလို ရဲသင်တန်းကျောင်းကို တိုက်ခိုက်ခဲ့မှုဟာ ဒုတိယ အကြိမ်မြောက် ဖြစ်ပြီး ၂၀၀၈ ဒီဇင်ဘာလတုန်းက ပထမ အကြိမ် တိုက်ခိုက်ခံခဲ့ရပါတယ်။ အဲဒီတုန်းကတော့ သင်တန်းကျောင်းအနီး မော်တော်ကားနဲ့ အသေခံ ဖောက်ခွဲ တိုက်ခိုက် ခဲ့တာပါ။

ပါလက်စတိုင်း လမ်းတွေကနေ ဖောက်ကွဲစေနိုင်တဲ့ လက်နက်ပစ္စည်းတွေကို သယ်ယူတယ်နိုင်တဲ့ လမ်းတွေကို ပိတ်ထားရာနေ မနှစ်က ပြန်ဖွင့်ခဲ့ပြီး စစ်ဆေးရေး ဂိတ်တွေ များစွာနဲ့ ရှာဖွေ စစ်ဆေးနေတာလည်း ဖြစ်ပေမယ့် စက်ဘီးနဲ့ မော်တော်ဆိုင်ကယ်တွေကိုတော့ ကန့်သတ်ထားတာ မရှိပါဘူး။

အခု တိုက်ခိုက်မှုဟာ တကယ့်ကို အရေးကြီးတဲ့ နေရာကို ပြစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ABDEL KARIM KHALAF က ပြောပါတယ်။ အခု တိုက်ခိုက်ခံရတဲ့ နေရာမှာ အစိုးရအများစုရဲ့ ကာကွယ်ရေးဌာန ရုံးစိုက်တဲ့ နေရာတခု ဖြစ်သလို ဘာသာရေး ဝတ်ပြု ဆုတောင်းတဲ့ နေရာလည်း ဖြစ်တယ်လို့ ပြောပြသွားပါတယ်။

လွန်ခဲ့တဲ့ ၂ပတ်လောက်က အယ်ခိုင်းဒါး ခေါင်းဆောင် ၂ဦးနဲ့ အတူ အခြား ဂိုဏ်းခေါင်းဆောင်တွေကို ဖမ်းဆီးမိလိုက်တဲ့ ကိစ္စအပေါ် လက်တုန့်ပြန်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ အီရက်နိုင်ငံက အာဏာပိုင်တွေနဲ့ နိုင်ငံရဲ့လုံခြုံရေး ဆိုင်ရာ ကိစ္စတွေအတွက် နောက်ထပ် အယ်ခိုင်းဒါး ခေါင်းဆောင် ၁၅ဦးထက်မက ကို အလို ရှိနေတယ်လို့ လည်း သူက ပြောပါတယ်။

ဒီအခြေအနေတွေဟာ လုံခြုံရေးဆိုင်ရာကိစ္စတွေ ကျဆင်းသွားတာ မဟုတ်ဘူးလို့ ဆိုနိုင်သလို ဗိုလ်ချုပ်ကြီး ကာလပ် က အီရတ် လုံခြုံရေး အခြေအနေဟာ စိတ်ချရဖို့ လိုနေသေးတယ်လို့ ပြောပါတယ်။

အီရတ် နိုင်ငံရဲ့ လုံခြုံရေးဟာ အရင်ကထက်ဆာရင် ကောင်းတယ်လို့ ပြောပြသွားတာပါ။ ဒီလို ဖောက်ခွဲ တိုက်ခိုက်မှု တွေဟာ အခု တကြိမ်နည်းတူ တခြား နေရာတွေမှာလည်း ရှိသေးတယ်လို့ ဆိုပါတယ်။ အလားတူ အကြမ်းဖက် တိုက်ခိုက်မှုတွေက တူရကီ၊ စပိန်၊ ပြင်သစ်၊ အီရန်၊ ကူဝိတ်နဲ့ ဆော်ဒီ အာရေဗျနဲ့ ဆီးရီးယား နိုင်ငံတွေမှာ ကြုံနေရပေမယ့် ဒီနိုင်ငံတွေရဲ့ လုံခြုံရေး ဆိုင်ရာကတော့ စိတ်ချ ရတဲ့အဆင့်မှာ ရှိတယ်လို့ ပြောပါတယ်။ နိုင်ငံတွင်းမှာ ရှိတဲ့ ပြည်သူ လူထုတွေထဲက လူလတ်ပိုင်းတွေဟာ ဒီဖောက်ခွဲ တိုက်ခိုက်မှုတွေမှာ ပတ်သက်ပါဝင်နေတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။ လက်စားချေတုန့်ပြန်ဖို့ ဆိုတဲ့ အစီအစဉ်တွေနဲ့ အခုလို တိုက်ခိုက်မှုတွေ ရှိနေတာ ဖြစ်ပြီးတော့ ဒီလုပ်ရပ် တွေကို နှိမ်နှင်းနိုင်ပါမှ အီရတ် နိုင်ငံရဲ့ လုံခြုံရေးကို စိတ်ချရမယ်လို့ လည်း ပြောပါတယ်။ အခုလို အသေခံတိုက်ခိုက်မှုတွေ ဖြစ်လာပြီးနောက် အီရတ်ကနေပြီး အမေရိကန်နဲ့ ဗြိတိန်က တပ်တချို့ ဒီဇင်ဘာလမှာ ရုတ်သိမ်းပြစ်မယ်လို့လည်း ကြေညာခဲ့ပါတယ်။ အမေရိကန်ရဲ့ အီရက်ဆိုင်ရာ စစ်ရေး ဦးစီးချုပ် ရေမွန် အူဒီယိုနဲ့ အီရတ် ကာကွယ်ရေး ဝန်ကြီး အက်ဒါ ကွာတာ မိုဟာမက် ဂျက်စမန် တို့ရဲ့ပူးတွဲ ကြေညာချက်ကို အီရတ် ရုပ်မြင်သံကြားမှာ ပြသခဲ့ပါတယ်။

အမေရိကန် စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဂျွန် ဘရိုင်လီး ကလည်း အခုလို ပြောကြားခဲ့ပါသေးတယ်။

“ဗိုလ်ချုပ်ကြီး အူဒီယို က နောက်ထပ် ၆လအတွင်း တပ်တွေကို လျော့ချဖို့ အကြံပြုထားပါတယ်။ အဲဒီလို လျော့ချပြီးသွားတဲ့ အခါမှာ အမေရိကန် တပ်ပေါင်း ၁၂၀၀၊ ဗြိတိသျှ တပ် ၄၀၀၀ လောက် အီရတ်မှာ နည်းသွားမှာပါ။

အခု လတ်တလော အသေခံ ဗုံးထောင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပေမယ့် ၂၀၀၇ခုနှစ်ကထက်ဆာလျှင် အီရတ်နိုင်ငံရဲ့ လုံခြုံရေးဟာ အများကြီး တိုးတက် ကောင်းမွန်လာတယ်လို့ ဆိုရမှာပါ။ အီရတ်က ထိုးစစ် ဆင်မှုတွေကို ၁၈လအတွင်း အဆုံးသတ်ခဲ့မယ်လို့ သမ္မတ အိုဘားမား ကြေညာမှုတွေနဲ့လည်း သက်ဆိုင်နိုင်တယ်လို့ ဗွီအိုအေ သတင်းထောက် အက်ဒ်ဝေါ့ ရေရနီယံ က ကိုင်ရိုမြို့ကနေ သတင်းပေးပို့ထားပါတယ်။




ဆက်စပ်သတင်းများ ...

XS
SM
MD
LG