သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂြိုဟ်တုလွှတ်တင်ဖို့ အစီအစဉ် ကြားဖြတ်ရင် လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား သတိပေး


မြောက်ကိုရီးယားဟာ ဒီနေ့ပဲ စစ်တပ်ကို သတိအနေအထားမှာ ထားထားပြီး သူတို့စီစဉ်ထားတဲ့ ဂြိုဟ်တုလွှတ်တင်မှုကို ကြားဖြတ်မယ့် မည်သူ့ကိုမဆို လက်တုံ့ပြန်မယ်လို့ မြောက်ကိုရီးယား အစိုးရက သတိပေးလိုက်ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်တွေ တနင်္လာနေ့မှာပဲ နှစ်ပတ်လည် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး KCNA မြောက် ကိုရီးယား သတင်းဌာနကတော့ သူတို့လွှတ်တင်တဲ့ဂြိုဟ်တုကို ပစ်ချရင် စစ်ဖြစ်မယ့်သဘောပဲလို့ ပြောကြားပါတယ်။

ဒီလို အမေရိကန်နဲ့ ပူးတွဲစစ်ရေးလေ့ကျင့်တာကို ဆန့်ကျင်တဲ့အနေနဲ့ မြောက်ကိုရီးယားအစိုးရဟာ တောင်ကိုရီးယားနဲ့ စစ်ရေးဆက်သွယ်မှု ဖုန်းလိုင်းတွေကို ပိတ်ထားလိုက်ပြီး တောင်-မြောက်ကိုရီးယား ပူးတွဲဖွင့်လှစ်ထားတဲ့ ကေဆွန်းစက်မှုဇုန် ကို သွားရောက်မယ့် လူ အယောက် ၇၀၀ လောက်ဟာလည်း သူတို့ရဲ့ခရီးစဉ်ကို ဖျက်သိမ်းလိုက်ကြတယ်လို့ KCNA သတင်း က ပြောပါတယ်။

အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုဟာ စစ်ရေးဆိုင်ရာ ရန်စမှုတခုပဲလို့ မြောက်ကိုရီးယား အစိုးရက တနင်္ဂနွေနေ့ကပဲ ပြောကြားပါတယ်။ ဒီလို စစ်ရေးလေ့ကျင့်မှု လုပ်လာခဲ့တဲ့ နှစ်ပေါင်းများစွာ ရှိခဲ့ပေမယ့် တောင်ကိုရီးယားနဲ့
အမေရိကန်ပြည်ထောင်စုတို့မှာ စစ်ရေးဆိုင်ရာ ရည်ရွယ်ချက်တွေ ရှိတယ်လို့ မြောက်ကိုရီးယားက မကြာခဏ စွပ်စွဲ ပြောဆို တတ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG