သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် ရေကြောင်းထိပ်တိုက်ရင်ဆိုင်မှု အမေရိကန် ကန့်ကွက်


တရုတ်သင်္ဘောတွေက တောင်တရုတ်
ပင်လယ်ပြင်မှာ နိုင်ငံတကာဥပဒေကို
ချိုးဖောက်ခဲ့တယ်လို့ အမေရိကန်အစိုးရက
ပြောပါတယ်။

တရုတ်သင်္ဘော ၃ စင်းနဲ့ ငါးဖမ်းပိုက်ဆွဲ
သင်္ဘော ၂ စင်းဟာ အမေရိကန်ရေတပ်
သင်္ဘော အင်မ်ပက်ကေးဘဲလ် (Impeccable)
ကို နောက်ယောင်ခံ လိုက်ခဲ့ပြီး တရုတ်နိုင်ငံ
ဟိုင်နန်းကျွန်းရဲ့တောင်ဘက် ကီလိုမီတာ
၁၂၀ အကွာ နိုင်ငံတကာရေပြင်ထဲမှာ
အရေးပေါ်ရပ်တန့်ရအောင်အထိ လုပ်ဆောင်ခဲ့ကြတယ်လို့ အမေရိကန် စစ်ဖက်ဆိုင်ရာ
အရာရှိတွေက ပြောပါတယ်။

တရုတ်ရေတပ်သင်္ဘောတွေ၊ တရုတ်ရေငုပ်သင်္ဘောတွေ သွားလာနေတာကို
စောင့်ကြည့်ဖို့ အင်မ်ပက်ကေးဘဲလ်သင်္ဘောဟာ အသံလှိုင်းနဲ့ကြည့်တဲ့ ကိရိယာကို
ဆွဲလာခဲ့ပါတယ်။

တနင်္ဂနွေနေ့ကဖြစ်ရပ်မှာ တရုတ်သင်္ဘောသားတွေဟာ မဆင်မခြင် ကျွမ်းကျင်ပိုင်နိုင်ပုံ
မရတဲ့ ပုံစံနဲ့ သူတို့ရဲ့သင်္ဘောတွေကို အမေရိကန်ရေတပ်သင်္ဘော အင်မ်ပက်ကေးဘဲလ်
နား ၈ မီတာအထိ အန္တရာယ်ရှိလောက်အောင် ကပ်လာခဲ့ကြတယ်လို့ အမေရိကန်
ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဘေဂျင်းကတော့ အခုထိ ဘာမှမပြောသေးပါဘူး။ ဒါပေမယ့် တရုတ်နိုင်ငံခြားရေး
ဝန်ကြီး ယန်ဂျီးချီ (Yang Jiechi) ဟာ အမေရိကန်နိုင်ငံကို တနင်္လာနေ့မှာလာရောက်ဖို့
စီစဉ်ထားပါတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG