သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကိစ္စ တရုတ်၊အမေရိကန် ကျယ်ပြန့်စွာဆွေးနွေး


အမေရိကန်နဲ့ တရုတ်တို့အကြား ပြောဆိုဆွေးနွေးနေတဲ့ကိစ္စတွေထဲမှာ တိဘက်ကိစ္စနဲ့ လူ့အခွင့်အရေးကိစ္စတွေဟာ ကျယ်ကျယ် ပြန့်ပြန့် ပြောဆိုနေရတဲ့ကိစ္စတခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က ပြောလိုက် ပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းက တရုတ် နိုင်ငံခြားရေးဝန်ကြီး ယန်ဂျေးချီနဲ့ ဝါရှင်တန်ဒီစီမှာ ပြောဆိုဆွေးနွေးခဲ့ကြတုန်းက တိဘက် အရေးကိစ္စကို သူ ကောင်းကောင်း ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

တိဘက်ဒေသ က လူ့အခွင့်အရေး အခြေအနေတွေဟာ တော်တော့ကို စိုးရိမ်ဖို့ ကောင်းတဲ့ အကြောင်းနဲ့ တရုတ်ပြည်ရဲ့ ဘာသာရေး ကိုးကွယ်မှု၊ ယဉ်ကျေးမှုနဲ့ လူသား ဘဝတွေကို ထိခိုက်စေတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားတဲ့အကြောင်း၊ အဲဒီ ကြေညာချက်ဟာ တိဘက် ဒေသကို တရုတ်တွေက ကျူးကျော် အုပ်စိုးမှုကို မကျေနပ်လို့ တိဘက်တွေက ဆန့်ကျင် အုံကြွခဲ့တဲ့ အနှစ် ၅၀မြောက် အထိမ်းအမှတ်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း ဝန်ကြီး ကလင်တန် က ပြောပါတယ်။ အမေရိကန်ရဲ့ ဝေဖန်မှုတွေကို တရုတ်အစိုးရဘက်က ဗုဒ္ဓဟူးနေ့မှာပဲ ပယ်ချခဲ့ ပါတယ်။ အမေရိကန်ဟာ တရုတ်ပြည်တွင်းရေးကို ဝင်ရောက် စွက်ဖက်နေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူက ပြောပါ တယ်။ သမ္မတ အိုဘားမား အစိုးရအဖွဲ့ဟာ တရုတ် အမေရိကန် ဆက်ဆံရေးကိစ္စတွေမှာ ရှင်းရှင်းလင်းလင်း မသိနိုင်ဘဲ ဖြစ်နေ တယ်လို့လည်း တရုတ်ဘက်ကဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG