မတ်
၀၉၊ ၂၀၀၉၊ ကမ္ဘာအနှံ့ ယှဉ်ပြိုင်လုပ်ကိုင်နိုင်မှုဆိုင်ရာ အစီရင်ခံစာတစောင်ကို
ကမ္ဘာ့စီးပွားရေးဖိုရမ်ကနေ ၁၉၇၉ ခုနှစ်ကနေ စပြီး နှစ်စဉ်ထုတ်ပြန်လာခဲ့ပါတယ်။
နိုင်ငံတွေအနေနဲ့ သက်ဆိုင်ရာနိုင်ငံသားတွေ ကြွယ်ဝချမ်းသာမှုအဆင့် မြင့်မားအောင်
ဘယ်လောက် စွမ်းဆောင်ပေးနိုင်တယ်ဆိုတာကို တိုင်းတာစစ်ဆေးပြီး ထုတ်ပြန်တဲ့
အစီရင်ခံစာဖြစ်ပါတယ်။
၂၀၀၈-၂၀၀၉ ခုနှစ်အတွက် ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ
နိုင်ငံပေါင်း ၁၃၄ နိုင်ငံပါရှိပြီး
ယှဉ်ပြိုင်နိုင်စွမ်းအားအကောင်းဆုံး အဆင့် ၁
အမေရိကန်ပြည်ထောင်စုကနေ အနိမ့်ဆုံး
အဆင့် ၁၃၄ မှာရှိတဲ့ ချာ့ဒ်နိုင်ငံအထိ
ပါဝင်ပါတယ်။ ASEAN အရှေ့တောင်အာရှနိုင်ငံ
တွေထဲကဆိုရင် မြန်မာနဲ့
လာအိုဒီမိုကရက်တစ်သမ္မတနိုင်ငံတို့ကလွဲလို့ ကျန်တဲ့ ၈ နိုင်ငံ
စလုံးပါဝင်ပါတယ်။
အဲဒီ
၈ နိုင်ငံထဲမှာ စင်္ကာပူနိုင်ငံက အဆင့်ငါး၊ မလေးရှားက အဆင့် ၂၁ နဲ့ ထိပ်တန်း
နိုင်ငံ
၃၀ စာရင်းထဲမှာပါကြပါတယ်။ ထိုင်းနိုင်ငံက အဆင့် ၃၄၊ ဒီတကြိမ်
အစီရင်ခံစာ
မှာမှပါလာတဲ့ ဘရူနိုင်းဒါရူဆလမ်နိုင်ငံက အဆင့် ၃၉၊
အင်ဒိုနီးရှားနိုင်ငံက အဆင့် ၅၅၊
ဗီယက်နမ်က အဆင့် ၇၀၊ ဖိလစ်ပိုင်က အဆင့် ၇၁ နဲ့
ကမ္ဘောဒီးယားက အဆင့် ၁၀၉
အသီးသီးရှိကြပါတယ်။
ဒီအဆင့်တွေက
ဘာကို ပြောနေပါသလဲ၊ မြန်မာနိုင်ငံကရော ဒီအစီရင်ခံစာထဲမှာ
ဘာ့ကြောင့် မပါတာပါလဲ၊
မြန်မာနိုင်ငံဟာ အနိမ့်ဆုံးအဆင့် အာဆီယံဒေသတွင်းမှာ
ယှဉ်ပြိုင်နိုင်စွမ်းအား
ရှိပါရဲ့လား၊ မြန်မာနိုင်ငံရဲ့ ယှဉ်ပြိုင်နိုင်စွမ်းအားမြင့်မားပြီး
နိုင်ငံသူ
နိုင်ငံသားတွေ ဆင်းရဲတွင်း လွတ်ကင်း ကြွယ်ဝချမ်းသာခြင်းတွေ မြင့်မားအောင်
ဘာတွေ
များ လုပ်ဖို့လိုပါမလဲ၊ စတဲ့မေးခွန်းတွေကို တစွန်းတစအဖြေရှာကြည့်ဖို့
အမေရိကန်
တက္ကသိုလ်က စီးပွားရေးပညာရှင် (ဒေါက်တာ) ဦးဇော်ဦးကို
ဆက်သွယ်မေးမြန်းထား
ပါတယ်။