သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ငွေလိမ်သူ တသက်တကျွန်း ကျဖွယ်ရှိ


အမေရိကန်သမိုင်းမှာ ငွေရင်းနှီးမြှုပ်နှံမှုကို အဆိုးဝါးဆုံး ကျူးလွန်ခဲ့တဲ့အထဲမှာ ပါဝင်သူ နာမည်ပျက် ငွေကြေးလုပ်ငန်းရှင် ဘားနာ့ဒ်မက်ဒေ့ါဖ် (Bernard Madoff) အကျဉ်းထောင်ကို ဦးတည်သွားနေပါပြီ။

သူ့အပေါ်စွဲချက်တင်ထားတဲ့အမှု ၁၁ ခုစလုံးမှာ အပြစ်ရှိကြောင်း နယူးယော့ခ် တရားရုံးတော်မှာ ကြာသပတေးနေ့က ထွက်ဆိုသွားလို့သူ့ကို လက်ထိပ်ခတ်ပြီး ထောင်ကို ခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

သူ့ရဲ့အလိမ်ခံခဲ့ရတဲ့ ပုဂ္ဂိုလ် ၅၀ လောက်က လက်ခုပ်သြဘာပေးကြပြီး တရားဝင် စီရင်ချက်ချတဲ့အချိန် ဇွန်လ အထိ မက်ဒေ့ါဖ် အကျဉ်းထောင်ထဲမှာ နေရပါလိမ့် မယ်။

ရုံးတော်ကိုလာတဲ့အထိ သူဟာ နယူးယော့ခ်မြို့မှာ ဒေါ်လာ ၇,၀၀၀,၀၀၀ တန်တဲ့
အိမ်ခန်းတွဲမှာ နေထိုင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ရှေ့နေကတော့ ဒီအမှုနဲ့ပတ်သက်ပြီး အယူခံဝင်မယ်လို့ ပြောဆိုပါတယ်။

အသက် ၇၀ အရွယ်ရှိ လူလိမ်ကြီးက သူလိမ်ခဲ့တာ ခံရသူတွေကို ရုံးတော်မှာ လှည့်မကြည့်ဘဲ ဝမ်းနည်းပါတယ်၊ ရှက်မိပါ တယ် လို့သာ တရားသူကြီးကို ပြောဆိုသွားပါတယ်။

လူထောင်ပေါင်းများစွာကို အနှစ် ၂၀ အတွင်း ဒေါ်လာ ဘီလီယံ ၅၀ ကျော် လိမ်ခဲ့လို့ သူ့ကို ထောင်ဒဏ်အနှစ် ၁၅၀ အထိ ချဖွယ်ရှိတယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG