သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး နိုင်ငံတကာလှုပ်ရှားမှု စတင်


၂၁ နှစ်မြောက် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာပြည်တွင်း အကျဉ်းချခံနေ
ရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ရေးအတွက် နိုင်ငံတကာအလိုက်
သဘောတူလက်မှတ်စုဆောင်းပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း
(Mr. Ban Ki-moon) ထံ ပေးပို့တိုက်တွန်းတဲ့ လှုပ်ရှားမှုတခုကို ထိုင်းနိုင်ငံအခြေစိုက်
AAPP ခေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) နဲ့
FDB ခေါ် မြန်မာ့ဒီမိုကရေစီအင်အားစုတို့က ဒီနေ့ စတင်လုပ်ဆောင်ကြမှာ ဖြစ်ပါတယ်။

မေလ ၂၄ ရက်မတိုင်ခင် လက်မှတ်ပေါင်း ၈၈၈,၈၈၈ စုဆောင်းဖို့ ရည်မှန်းထားတယ်
လို့ ဆိုပါတယ်။ အဲဒီနေ့ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က
လွတ်မြောက်ရမယ့်နေ့လည်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG