၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှာ နိုင်ငံရေးပါတီသစ်တွေ ဖွဲ့စည်း ထူထောင်ဖို့ စိုင်းပြင်းမှုနဲ့အတူ နိုင်ငံရေး လောကထဲဝင်ဖို့
တာစူနေသူတွေလဲ ရှိနေပါတယ်။ သူတို့ဟာ တိုင်းကျိုး ပြည်ကျိုးဆောင် နိုင်ငံရေးသမားတွေ ဖြစ်လာနိုင်ပါ့မလား။ နိုင်ငံရေးသမားကောင်းဆိုတာ ဘာလဲ၊ ဘယ်လို အရည်အချင်းနဲ့ ပြည့်စုံရမလဲဆိုတာ ဧရာဝတီ မဂ္ဂဇင်းအယ်ဒီတာ ဦးအောင်ဇော်၊ စာရေးဆရာ၊ ရုပ်ရှင် ဒါရိုက်တာ အကယ်ဒမီ ဦးဝင်းဖေတို့နဲ့ ဦးကျော်ဇံသာက ပရိတ်သတ်တွေကို တွေ့ဆုံပေးထားပါတယ်။