သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိဘက်ဒေသလုံခြုံရေး အထူးတင်းကျပ်


စနေနေ့မှာ ကျရောက်တဲ့ တိဘက်လူမျိုးတွေရဲ့ တရုတ်အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှု နှစ်ပတ်လည်နေ့မှာ တရုတ်လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ရဲတွေက အဝင်အထွက်ဂိတ်တွေကို သေချာ လေ့လာ စောင့်ကြည့်မှုတွေ လုပ်ပြီး မြို့ထဲအနှံ့ ကင်းလှည့် စောင့်ကြပ်မှုတွေကို လုပ်ခဲ့ပါတယ်။

တရုတ်အာဏာပိုင်တွေဟာ တအိမ်ဝင် တအိမ်ထွက်နဲ့ မသင်္ကာရသူတွေအကုန်လုံးကို သေချာ လိုက်လံရှာဖွေမှုတွေ လုပ်နေ တယ်လို့ ဟောင်ကောင်အခြေစိုက် South China Morning Post သတင်းစာမှာ ဖော်ပြထားပါတယ်။ တချိန်တည်းမှာပဲ ထိုင်ဝမ် နိုင်ငံ တိုင်ပေမြို့တော်မှာလည်း ဆန္ဒပြသူတွေဟာ တိဘက်အလံနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမား ဓါတ်ပုံတွေကို ကိုင်ဆောင် ပြီးတော့ Free Tibet တိဘက် လွတ်မြောက်ရေး ကြွေးကြော်ခဲ့ကြပါတယ်။ နီပေါနိုင်ငံ မြို့တော် ခတ်တမန်ဒူ က တရုတ်နိုင်ငံ သံရုံးအနီးနားမှာ တိဘက်ကို ထောက်ခံဆန္ဒပြခဲ့တဲ့ ဗြိတိန်နဲ့ နော်ဝေး နိုင်ငံသား ၂ ယောက်ကို နီပေါရဲတပ်ဖွဲ့က ဖမ်းဆီးလိုက် ပါတယ်။

ပြီးခဲ့တဲ့နှစ်က တိဘက်ဒေသ မြို့တော် လာဆာ မှာ ဘုန်းတော်ကြီး ဒလိုင်းလားမားကို တိဘက်နိုင်ငံကို ပြန်ဝင်ခွင့်ပြုဖို့ တောင်းဆိုရာကနေ တိဘက်ဒေသတခုလုံးမှာ တောင်းဆိုဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပြီး၊ တရုတ်အစိုးရက ဒီတောင်းဆို ဆန္ဒပြမှု တွေကို အကြမ်းဖက် နှိမ်နှင်းခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG