ကမ္ဘာပေါ်က ရေနံအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ၀န်ကြီးတွေက
ရေနံတွေ အလွန်အကျွံ ထုတ်လုပ်နေတာကို ရပ်ဖို့ တောင်းဆိုလိုက်ကြပါတယ်။ OPECအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေဟာ
သြစတြီးယား နိုင်ငံ ဗီယန်နာမှာ တနင်္ဂနွေနေ့က တွေ့ဆုံခဲ့ကြပြီး ရေနံဈေး မြင့်တက်အောင်
လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ နိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါ တယ်။
ရေနံဈေး တက်ခဲ့မယ်ဆိုရင် ကမ္ဘာ့စီးပွားရေးကို ပိုမိုအကျပ်ရိုက်စေမှာ ဖြစ်တဲ့အတွက်လည်း
စိုးရိမ်တာတွေလည်း ရှိပါတယ်။
ဆော်ဒီနိုင်ငံရဲ့ လောင်စာနဲ့ စွမ်းအင် ၀န်ကြီး အာလီအာနာအိမိ
က OPECအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ တနေ့ကို ရေနံဆီ ၄.၂သန်း ထုတ်လုပ်မှု လျှော့ချမယ့် အစီအစဉ်ကို
ပိုမိုလုပ်ဆောင်လာနိုင်မယ်ဆိုပြီး ပြောလိုက်ပါတယ်။ အိုပက် အဖွဲ့ ဥက္ကဋ္ဌ ဟောင်း ဖြစ်တဲ့
အယ်ဂျီရီးယား သမ္မတ ချာကစ် ခေလီ ကတော့ ရေနံ ထုတ်လုပ်မှုကို လျှော့ချတဲ့အပြင် လိုက်နာရမယ့်
စည်းကမ်းတွေကိုလည်း ပိုပြီးတော့ တိုးတက်အောင် လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။ ရေနံဈေး
တိုးမြှင့်မယ်ဆိုရင်တော့ ကမ္ဘာ့စီးပွားရေးကို ပိုပြီးတော့ ထိခိုက်လာနိုင်တယ်လို့ အမေရိကန်
စွမ်းအင်ဝန်ကြီးက သတိပေးလိုက်ပါတယ်။