သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ် အကျယ်ချုပ် ချထားမှု ပါကစ္စတန် အတိုက်အခံ ခေါင်းဆောင် အာခံ ဆန့်ကျင်


ပါကစ္စတန်နိုင်ငံက အစိုးရ ဆန့်ကျင်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေတဲ့ လာဟိုးမြို့မှာ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် နာဝတ်ရှာရစ် က သူ့ကို နေအိမ်အကျယ်ချုပ် ချခဲ့တာကို အာခံတယ်လို့ ပြောလိုက်ပါတယ်။ မြို့ထဲလမ်းတွေပေါ်က သူ့အပေါ် ထောက်ခံသူတွေကလည်း ရဲတွေကို ခဲတွေနဲ့ ပစ်ပေါက်ကြပါတယ်။ ရဲနဲ့ ဆန္ဒပြသူတွေကြား ၅ရက်ကြာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ မှုာ အရှိန်အမြင့်ဆုံး အနေအထား ဖြစ်နေပါတယ်။ ရဲတွေဘက်က မျက်ရည်ယိုဗုံးတွေ သံချပ်ကာကားတွေ သုံးပြီးတော့ ဆန္ဒပြ သူတွေကို နောက်ပြန်ဆုတ်အောင် ကြိုးစားနေပေမယ့်လည်း ဆန္ဒပြသူတွေကလည်း နောက်ဆုတ်မသွားပါဘူး။

အရင်သမ္မတဟောင်း ပါဗစ်မူရှာရစ် ရာထူးကနေ ဖြုတ်ချခဲ့တဲ့ တရားရုံးချုပ်ရှေ့နေကြီးကို ရာထူးပြန်ပေးရေး အစ္စလာမ် မာဘတ် မြို့တော်အထိ ချီတက် ဆန္ဒပြ တောင်းဆိုကြဖို့ ဝန်ကြီးချုပ်ဟောင်း နာဝတ်ရှာရစ်က သူ့ကို ထောက်ခံသူတွေကို တိုက်တွန်းထားပါတယ်။ ခရီးရှည် ဆန္ဒပြပွဲမှာ မပါနိုင်အောင် မစ္စတာ ရှာရစ်နဲ့ သူ့အကိုတော်စပ်သူကို အစိုးရက ၃ရက်ကြာ အကျယ်ချုပ်ချထားတယ်လို့ လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီလုပ်ရပ်ဟာ တရားမဝင် လုပ်ရပ်ဖြစ်တယ်လို့ ပြောဆိုပြီး နေအိမ်ကနေ ထွက်ခွာကာ ဆန္ဒပြယာဉ်တန်းကြီးနဲ့ မစ္စတာ ရှာရစ်လိုက်ပါသွားပါတယ်။ တရားရုံးချုပ်ရှေ့နေကြီးကို ရာထူး ပြန်ပေးလိုက်ရင် လက်ရှိသမ္မတ အဆစ် ဇာဒါရီကို စွဲဆိုထားတဲ့ အဂတိလိုက်စားတယ်ဆိုတဲ့ အမှုကို ပြန်ဖွင့်နိုင်ပြီး သူ့ရဲ့ နိုင်ငံ ခေါင်းဆောင်မှုကို စိန်ခေါ်မှု အန္တရာယ်တွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG