သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ပြဿနာ ငြိမ်းချမ်းစွာအဖြေရှာမှု အမေရိကန်ကြိုဆို


ပါကစ္စတန်နိုင်ငံက သီတင်းတပတ်ကြာ နိုင်ငံရေးအကဲစမ်းမှုကြီး ငြိမ်းချမ်းစွာ ပြောလည်သွားခြင်းဟာ အမျိုးသား သင့်မြတ် ရေးနဲ့ နိုင်ငံရေး အပေးအယူလုပ်ရေးအတွက် ပထမခြေလှမ်းဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် က ကြိုဆိုလိုက်ပါတယ်။ ပါကစ္စတန် အစိုးရက အစ်ဖ်တီကာ မိုဟာမတ် ချောင်ဒရီ ကို တရားသူကြီးချုပ်အဖြစ် ပြန်လည် ခန့် ထားဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ ကျယ်ပြန့်တဲ့ နိုင်ငံရေးလှုပ်ရှားမှုကြီး ဖြစ်လုနီးကနေ နိုင်ငံကို ပြန်လည်ကယ်တင် လိုက်နိုင် တာပဲလို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ရောဘတ် ရု က တနင်္လာနေ့မှာ သတင်းထောက်များကို ပြောကြား ပါတယ်။

လူထုထောက်ခံမှု အကြီးအကျယ်ရနေတဲ့ တရားသူကြီးချုပ် အပါအ၀င် ဖယ်ရှားခံထားရတဲ့ တရားသူကြီးအားလုံး ပြန်ခန့် ထားပါ့မယ်လို့ အတိုက်အခံတွေကို အလျော့ပေးတဲ့အနေနဲ့ ပါကစ္စတန် အစိုးရက အစ္စလာမ်မာဘက် မြို့မှာ တနင်္လာနေ့က ကြေညာလိုက်တာပါ။ ဒါဟာ သမိုင်းဝင် အောင်မြင်မှုတရပ်ပဲလို့ ဆိုလိုက်ပြီး အတိုက်အခံခေါင်းဆောင် န၀ဒ် ရှရစ် က ကြိုဆို လိုက်ပြီး အစ္စလာမ်မာဘက် မြို့သို့ လူထုချီတက်မယ့် အစီအစဉ်ကိုလည်း ပယ်ဖျက်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံအနှံ့ သီတင်းတပတ်ကြာ ဆန္ဒပြပွဲများကို အကြီးအကျယ် နှိပ်ကွပ်ခြင်းအပါအ၀င် နိုင်ငံရေး တင်းမာမှုများ မြင့်မားခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ် ယူစွပ်ရာဇာ ဂီလာနီ က ဖယ်ရှားခံထားရတဲ့ တရားသူကြီးများ ပြန်ခန့်ထားမယ့် အကြောင်း ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG