သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာဒါဂတ်စကာနိုင်ငံ သမ္မတ နှုတ်ထွက်ပြီ


မာဒါဂတ်စကာ သမ္မတ မာက် ရာဗယ်လိုမာနာနာ (Marc Ravalomanana) ဟာ ရာထူးကနုတ်ထွက်ပြီး စစ်တပ်လက်ထဲ အာဏာ လွှဲပြောင်းပေးလိုက်ပါပြီ။

သူ့ဆုံးဖြတ်ချက်ကို အင်္ဂါနေ့မှာ လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့အကြောင်း အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းနိုင်ငံဖြစ်တဲ့ မာဒါဂတ်စကာ တာဝန်ရှိသူတွေနဲ့ သံတမန်တွေက ပြောကြပါတယ်။

အတိုက်အခံခေါင်းဆောင် အင်န်ဒရီ ရာဂျိုလီနာ (Andry Rajoelina) ဦးဆောင်တဲ့ဆန္ဒပြပွဲတွေကို သီတင်းပတ်အတော်ကြာ မစ္စတာ ရာဗယ်လိုမာနာနာ ရင်ဆိုင်ခဲ့ရပါတယ်။ သမ္မတ နုတ်ထွက်လိုက်တာနဲ့ပတ်သက်ပြီး မစ္စတာ ရာဂျိုလီနာ ရဲ့ မှတ်ချက် စကားကိုတော့ ချက်ခြင်း မကြားကြရသေးပါဘူး။

ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့ အစိုးရက ကြိုးစားခဲ့ပေမဲ့ စစ်တပ်ရဲ့ထောက်ခံမှုကို တဖြည်းဖြည်း ဆုံးရှုံးသွားခဲ့ပါတယ်။

တနင်္လာနေ့က အဲန်တနာနာရီဗို (Antananarivo) မြို့တော်က သမ္မတနန်းတော်ကို စစ်တပ်ဖွဲ့တွေက ထိန်းချုပ်ခဲ့ပါတယ်။ မစ္စတာ ရာဂျိုလီနာ (Rajoelina) ဟာ ဒီကနေ့မှာ နန်းတော်ထဲကို ဝင်သွားပြီး စစ်သားတွေနဲ့ ထောက်ခံသူတွေက အော်ဟစ် အားပေးပြီး ကြိုဆိုကြတယ်လို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

မစ္စတာ ရာဗယ်လိုမာနာနာ ကတော့ နောက်ဆုံးသတင်းတွေအရဆိုရင် သူ့ကို အခိုင်အမာ ထောက်ခံသူတွေနဲ့ အစောင့်တွေ ဝန်းရံထားတဲ့ တခြားနန်းတော်တခုမှာ ရောက်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG