သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာဒါဂတ်စကာ စစ်တပ် အတိုက်အခံကို အာဏာလွှဲပေး


မာဒါဂတ်စကာမှာ စစ်ဘက်ခေါင်းဆောင်များက အတိုက်အခံခေါင်းဆောင် အင်န်ဒရီ ရာဂျိုလီနာ (Andry Rajoelina) ကို အာဏာပေးအပ်လိုက်လို့ လနဲ့ချီ ကြာခဲ့တဲ့ အာဏာလွန်ဆွဲပွဲ ပြီးဆုံးသွားပါပြီ။ ကြားကာလမှာ အာဏာအပြည့်ရှိတဲ့ သမ္မတအဖြစ် ရာဂျိုလီနာ ကို စစ်ဘက်က အာဏာပေးလိုက်ပြီဖြစ်ကြောင်း ဒုတိယရေတပ် ဗိုလ်ချုပ်ကြီး ဟက်ပိုလိုက် ရာဘာရိုဆင်န် က အင်္ဂါနေ့မှာ သတင်းထောက်များအား ရှင်းလင်းပြောကြားပါတယ်။

စောစောပိုင်းမှာ သမ္မတ မာက် ရာဗယ်လိုမာနာနာ (Marc Ravalomanana) က ရာထူးက နှုတ်ထွက်လိုက်ပြီး စစ်တပ်က အစိုးရဖွဲ့ဖို့ ကမ်းလှမ်းတာကို လက်မခံဘဲ ပယ်ချခဲ့ပါတယ်။ သမ္မတဟာ အာဏာရှင်ဖြစ်နေပြီဆိုပြီး အတိုက်အခံတို့က ဇန်နဝါရီ လကတည်းက ကန့်ကွက်ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ပြီး တနင်္လာနေ့မှာ စစ်တပ်က သမ္မတနန်းတော်ကို ဝင်ရောက် သိမ်းပိုက်လိုက် စဉ် သမ္မတ ဟာ မြို့ရဲ့အပြင်ဘက်မှာရှိတဲ့ သူ့ရဲ့စံအိမ်မှာ ရှိနေခဲ့တယ်လို့ အရာရှိများက ပြောပါတယ်။

အခုတော့ သမ္မတ ရာဗယ်လိုမာနာနာ ဘယ်မှာရောက်နေတယ်ဆိုတာ မသိရသေးပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG