သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆုကြေးငွေများ ပြန်အပ်ရန် AIG အကြီးအကဲ တိုက်တွန်း


အမေရိကန် ပြည်ထောင်စုမှာ အစိုးရဆီက ငွေကြေးအကူအညီ ရယူပြီး ဝန်ထမ်းတွေကို သန်းနဲ့ချီပြီး အပိုဆုကြေး ပေးခဲ့တဲ့ AIG ကုမ္မဏီရဲ့ အကြီးအကဲက ဆုကြေးငွေတွေတွေ ယူခဲ့တဲ့ ဝန်ထမ်းတွေကို အနည်းဆုံး တဝက်ပြန်ပေးဖို့ တောင်းဆိုထား တဲ့ အကြောင်း ပြောဆိုပါတယ်။

မနေ့က အမေရိကန် ကွန်ဂရက်စ်လွှတ်တော် ကြားနာပွဲမှာ AIG ကုမ္မဏီရဲ့ အလုပ်အမှုဆောင် အုပ်ချုပ်ရေးအဖွဲ့ အကြီးအကဲ Edward Liddy က အပိုဆုကြေး ငွေတသိန်းနဲ့ အထက် ရယူခဲ့တဲ့ ဝန်ထမ်းတွေကို အပို ဆုကြေးငွေတွေ ပြန်ပေးဖို့ မေတ္တာ ရပ်ခံခဲ့တယ်လို့ ပြောဆိုတာပါ။

တချို့ ဝန်ထမ်းတွေကလည်း ရပြီးသား ဆုကြေးငွေတွေအားလုံးကို ပြန်ပေးမယ်လို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။ ဒေဝါလီ မခံရအောင် ဗဟိုအစိုးရ အကူအညီ ပေးထားတဲ့ငွေထဲကနေ ဝန်ထမ်းတွေကို ဆုကြေးငွေ သန်း ၁၆၅ သန်း ပေးခဲ့ တဲ့အတွက် လွှတ်တော်အမတ်တွေ ဒေါသဖြစ်ခဲ့ကြပါတယ်။ AIG ကုမ္မဏီအကြီးအကဲ Edward Liddy ကို ပြင်းပြင်းထန်ထန် မေးခွန်းတွေ မေးခဲ့ပါတယ်။

အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားကတော့ အမေရိကန်အစိုးရက ငွေကြေးထောက်ပံ့ခဲ့တဲ့ ကုမ္မဏီတွေကို အစိုးရ အေဂျင်စီတွေက ကြီးကြပ်ဖို့ လိုလာပြီဆိုတာ အခု AIG ကုမ္မဏီရဲ့ ဘောနတ်စ်ငွေ အရှုပ်တော်ပုံက ပြနေတယ်လို့ ပြောဆိုပါ တယ်။

AIG အကြီးအကဲ Edward Liddy က ဒီ အပို ဆုကြေးငွေတွေ ပေးဖို့ကိစ္စကို သူ အလုပ်အမှုဆောင် အဖွဲ့ အကြီးအကဲ တာဝန် မယူခင်ကတည်းက ညှိ့နိုင်းစေ့စပ်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ ကုမ္မဏီ ပြိုကွဲလုနီးပါး အခြေအနေ အကျပ်အတည်း တွေ့ကြုံရတဲ့အချိန်မှာ ငွေကြေး ဝန်ဆောင်မှုဆိုင်ရာ အဖွဲ့ကို ပေးဖို့ ကမ်းလှမ်းခဲ့ရတာလို့ ပြန်လည်ဖြေရှင်းပါတယ်။

ငွေကြေးဝန်ဆောင်မှုလုပ်ငန်း ဆက်လက် လည်ပတ်နိုင်ရေး အတွေ့အကြုံရှိတဲ့ ဝန်ထမ်းတွေကို ဆက်လက် ထိန်းထားနိုင်ဖို့ အတွက် အခုလို ဆုကြေးတွေ ပေးဘို့ သူ သဘောတူ ခွင့်ပြုခဲ့တာလို့လည်း AIG အကြီးအကဲ Edward Liddy က ပြောဆိုပါ တယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG