မာဒါဂတ်စကာနိုင်ငံက အာဏာရရှိရေးနဲ့ ပတ်သက်ပြီး ကာလကြာရှည်စွာ ဖြစ်ပွါးနေတဲ့ ပြဿနာတွေကို စစ်တပ်က အဆုံးသတ်ပြီးနောက် သမ္မတသစ် အဖြစ်နဲ့ အန်ဒရီ ရာဂျိုလီနား ကို ပေးအပ်ခဲ့ပါတယ်။ သမ္မတသစ် မစ္စတာ ရာဂျိုလီနား က မြို့တော် အင်တာနာဂိုရီမှာ ဗုဒ္ဓဟူးနေ့က ပထမဆုံးအကြိမ်အဖြစ် သူ့ကို ထောက်ခံသူ ထောင်ပေါင်းများစွာကို မိန့်ခွန်း ပြော ကြားခဲ့ပါတယ်။ မာဒါဂတ်စကာ နိုင်ငံရဲ့ ဆင်းရဲတွင်းနက်မှုကို လျှော့ချဖို့ နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေးတွေအတွက် သူ လုပ်ဆောင်မယ်လို့ ပြောပါတယ်။
သမ္မတ ရွေးကောက်ပွဲကိုလည်း ၂၄လအတွင်းမှာ ကျင်းပပေးဖို့ ပြင်ဆင်နေကြောင်းလည်း မစ္စတာ ရာဂျိုလီနား က ပြော ကြားခဲ့ပါတယ်။ အရင်က မာဒါဂတ်စ်ကာကို အုပ်ချုပ်ခဲ့တဲ့ ပြင်သစ်နိုင်ငံကတော့ ၂၄လဆိုတဲ့ ကာလဟာ သိပ်ကြာမြင့်တယ် လို့ ပြောပါတယ်။ မဒါကတ်စကာရဲ့  အခြေ အနေတွေဟာ သာမန် အခြေအနေမျိုး မဟုတ်တဲ့အတွက် ဒီမိုကရေစီ အသွင် ကူး ပြောင်းရေးကို ပထမဆုံး ဆောင်ရွက်ဖို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကနေ လိုလားတယ်လို့ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီး က ပြောပါတယ်။ မဒါဂတ်စကာ နိုင်ငံမှာ အစိုးရ ဆန့်ကျင် ဆန္ဒပြမှုတွေ သတင်းပါတ်ပေါင်း များစွာ ဖြစ်ပွါးခဲ့ ပြီးတဲ့နောက် အင်္ဂါ နေ့က မာ့ခ်ရဘလိုမနားနား ဟာ သမ္မတအဖြစ်က နှုတ်ထွက်ပေးခဲ့ပါတယ်။ နိုင်ငံတာဝန်ကို စစ်တပ်ကနေ လွှဲပြောင်းယူဖို့ အတွက် သူက ကြိုးစားခဲ့ပေမဲ့ အကြီးတန်း အရာရှိတွေက ဆန္ဒပြမှုကို ဦးဆောင်တဲ့ အတိုက်အခံ ခေါင်းဆောင် မစ္စတာ ရာဂျိုလီးနားကို အာဏာ လွှဲပြောင်းပေးခဲ့တာ ဖြစ်ပါတယ်။