သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ အကူအညီမရရင် လေဘေးဒုက္ခသည်တွေ မရပ်တည်နိုင်သေး


ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ နာဂစ်မုန်တိုင်းဒဏ်ခံရတာ ၁၀လလောက် ရှိလာခဲ့ပေမဲ့ မုန်တိုင်းဘေးသင့်ခဲ့တဲ့သူတွေဟာ နိုင်ငံတကာ အကူအညီတွေ မရဘူးဆိုရင် အသက်ရှင် ရပ်တည်ဖို့ မဖြစ်နိုင်ဘူးဆိုပြီး ကယ်ဆယ်ရေး လုပ်ငန်း လုပ်ကိုင်နေသူ တွေက ပြောပါတယ်။ ဥရောပ ကော်မရှင်က အကူအညီပေးရေး အဖွဲ့တွေဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း မုန်တိုင်းဒဏ် ထိခဲ့ တဲ့ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

ကုလသမဂ္ဂနဲ့ အာစီယံ အရှေ့တောင်အာရှ နိုင်ငံတွေကလည်း မုန်တိုင်းဘေးသင့်ဒေသ ပြန်လည် ထူထောင်ရေးကို အနည်းဆုံး သုံးနှစ်သက်တမ်း ချမှတ် အကောင်အထည်ဖေါ်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုပါတယ်။ ဥရောပ ကော်မရှင် အကူအညီပေးရေး အဖွဲ့တွေရဲ့ တင်ပြချက်တွေကို မစုမြတ်မွန်က တင်ပြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG