သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စာမျက်နှာသစ်ဖွင့်ဖို့ အမေရိကန်ဖိတ်ခေါ်ချက် အီရန် ကြိုဆို


အမေရိကန်-အီရန် ဆက်ဆံရေး ကဏ္ဍသစ် စတင်ဖို့ အမေရိကန်သမ္မတ ဘရက်အိုဘားမားရဲ့ ပန်ကြားချက်ကို ထိပ်တန်း အီရန်တာဝန်ခံတဦးက ကြိုဆိုလိုက်ပြီး စကားပြောသက်သက်နဲ့တော့ မလုံလောက်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

အီရန်သမ္မတ မာမွတ်အမာဒီနီဂျပ် ရဲ့ ထိပ်တန်းလက်ထောက်ဖြစ်တဲ့ အလီအက်ဘာဂျဖန်ဖကေးလ်းက အမေရိကန်အနေနဲ့ အရင်က အမှားတွေကို ပြင်ပြီးတော့ အီရန်အစိုးရထံ ချဉ်းကပ်တဲ့အခါမှာ အခြေခံ အပြောင်းအလဲတွေ လုပ်ရလိမ့်မယ်လို့ ပြောဆိုသွားပါတယ်။

နော်ရုဇ်ပွဲတော် အထိမ်းအမှတ်အဖြစ် အီရန်ပြည်သူများထံ ဗွီဒီယိုတိတ်ခွေနဲ့ စကားပြောရာမှာ အမေရိကန်သမ္မတ အိုဘားမား က အမေရိကန်နဲ့ အီရန်နိုင်ငံတို့ကြား လေးနက်တဲ့ ခြားနားမှုကြီးတွေ ရှိလင့်ကစား သံခင်းတမန်ခင်းနဲ့သာ ကိုင်တွယ် ဖြေရှင်းသွားမှာပါလို့ ပြောဆိုသွားပါတယ်။

ဒါဟာ အီရန်နိုင်ငံနဲ့ ဆက်ဆံမှု ပိုမိုကောင်းမွန်ရေးအတွက် အိုဘားမားအစိုးရရဲ့ ဆောင်ရွက်ချက်များစွာထဲက တခုမျှသာ ဖြစ်ပြီး အီရန်တို့ဘက်က အလားတူ တုံ့ပြန်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ ရောဘတ်ဝုဒ် က ပြောပါတယ်။

အီရန်သမ္မတ အမာဒီနီဂျတ် ရော ဘာသာရေးခေါင်းဆောင်ကြီး အရာတိုလာ ခါမေနီကပါ သူတို့ရဲ့ နော်ရုဇ်ပွဲ သ၀ဏ်လွှာတွေ ထဲမှာ အိုဘားမားရဲ့ ပြောကြားချက်ကို ထည့်သွင်း ပြောကြားခြင်း မရှိပါဘူး။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG