သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်ခရီး စတင်


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Kasit Piromya ဟာ မြန်မာနိုင်ငံကို ၂ ရက်ကြာ တရားဝင် သွားရောက်လည်ပတ်ဖို့ ဒီကနေ့ ထိုင်းနိုင်ငံကနေ ထွက်ခွာမှာ ဖြစ်ပါတယ်။ ထိုင်း နဲ့ မြန်မာဆက်ဆံရေး ပိုမိုခိုင်မာအောင် ထိုင်းနိုင်ငံတောင်ပိုင်း ကမ်းခြေတွေ ကို တရားမဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဝင်ရောက်တဲ့ ကိစ္စတွေ ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

မစ္စတာ ကဆစ်ရဲ့ခရီးစဉ်မှာ မြန်မာစစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း တို့နဲ့ လည်း တွေ့ဆုံဖို့ ရှိသလို မြန်မာနိင်ငံမှာရှိနေတဲ့ ထိုင်းစီးပွားရေးသမားတွေနဲ့လည်း တွေ့ဖို့ ရှိပါတယ်။ နာဂစ် မုန်တိုင်း ကြောင့် ညောင်ဝေကျေးရွာမှာ ပျက်စီးသွားတဲ့ စေတီပုထိုးတွေ ပြန်လည်ပြုပြင်မွမ်းမံဖို့အတွက် ထိုင်းဘတ်ငွေ ၂ သန်း ပေးလှူဖို့လည်း ရှိပါတယ်။

ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ထိုင်းအစိုးရက ထုတ်ပြန်တဲ့ကြေညာချက်အရ လောင်စာဆီစွမ်းအင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက် ရေး နဲ့ ဒေဝီ ပင်လယ် ရေနက်ဆိပ်ကမ်း ဆောက်လုပ်ရေးစီမံကိန်း၊ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရေးကိစ္စတွေ အပြင် မူယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတွေကိုပါ ဆွေးနွေးဖို့ရှိတယ်လို့ဆိုပါတယ်။

နောက်တခါ ရိုဟင်ဂျာကိစ္စဆွေးနွေးဖို့အတွက် Seventh Joint Boundary JBC ခေါ်၊ (၇) ကြိမ်မြောက် နယ်စပ် အစည်း အဝေး ပြုလုပ်နိုင်မယ့် နေ့ရက်နဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စကားပြောဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG