သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား သူ့ရဲ့ စီးပွားရေးမူတွေ ယုံကြည်ကြောင်း ခုခံ ကာကွယ်


အမေရိကန် နိုင်ငံရဲ့ ငွေကြေး အဆောက်အဦတွေကို ပြန်လည် ကူညီရင်း နိုင်ငံရဲ့ စီးပွားရေး ပြန်လည်နိုးထလာစေဖို့ ကြိုးစားတဲ့ သမ္မတ ဘားရက်ခ် အိုဘားမားရဲ့ အစီအစဉ်ကို ဝိုင်းဝန်း ဝေဖန်နေတဲ့ ကြားက သူ့အစိုးရအဖွဲ့ရဲ့ စီးပွားရေး မူဝါဒတွေ အတွက် သူဟာ ယုံကြည်မှု အပြည့်အ၀ ရှိကြောင်း သမ္မတ က ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့ ည ထုတ်လွှင့်တဲ့ CBS ရုပ်သံရဲ့ မိနစ် ၆၀ အစီအစဉ်အတွက် မေးမြန်းခန်းမှာ ဖြေကြားခဲ့တာပါ။ အမေရိကန် အာမခံ ကုမ္ပဏီကြီး တခုဖြစ်တဲ့ AIG ကုမ္ပဏီဟာ ဆက်လက် ရပ်တည်နိုင်ဖို့ အစိုးရဆီက ငွေတောင်းခံနေတဲ့ အချိန်မျိုးမှာ အမှုဆောင် လူကြီးတွေ အတွက် အပိုဆုကြေး အမြောက်အများ ပေးခဲ့တဲ့အတွက် လူထုက ဒေါသ ထွက်ခဲ့တာကိုလည်း ပြောကြားခဲ့ပါတယ်။

သူ့အစိုးရအဖွဲ့ထဲက ပြဿနာ ပတ်လည်ဝိုင်းရံနေတဲ့ ဘဏ္ဍာရေး ဝန်ကြီး တင်မိုသီ ဂိုင်နာ နဲ့ ပတ်သက်ပြီးလည်း ခုခံ ချေပ ခဲ့ပါတယ်။ နိုင်ငံမှာ စီးပွားရေး ကပ်ဆိုက်ခဲ့ချိန်က စပြီး စီးပွားရေး ပြဿနာ အကြီးအကျယ် ကြုံနေရတာကို ဖြေရှင်းဖို့အတွက် အချိန်ပေးရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ က ဝိုင်းဝန် ပြစ်တင်မှုခံနေရတဲ့ ဂွာတာနာမို အကျဉ်းစခန်း ကို ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ သူ့ဆုံးဖြတ်ချက်အတွက်လည်း အမေရိကန် သမ္မတ က ခုခံ ပြောဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG