သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး အကျပ်အတည်း လူသန်းပေါင်းများစွာ ထိခိုက်နိုင်၊ IMF သတိပေး


ကမ္ဘာကြီး စီးပွားရေးအကျပ်အတည်းထဲ ဝင်လာနေပြီမို့ လူသန်းပေါင်းများစွာကို ငတ်မွတ်ခေါင်းပါးမယ့်ဆီ တွန်းပို့မယ့်အန္တရာယ် ရှိနေပြီလို့ IMF အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ အကြီးအကဲက သတိပေးလိုက်ပါတယ်။

ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အလုပ်လက်မဲ့ဦးရေ အကြီးအကျယ် မြင့်မားလာပြီး လူမှုရေး မငြိမ်မသက်မှုကြီးတွေသာမက စစ်ပွဲနဲ့တောင် ရင်ဆိုင်ရဖွယ်ရှိတယ်လို့ IMF စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူး ဒေါမနစ် စထရောက်စ်-ခန်း (Dominique Strauss-Kahn)
က တနင်္လာနေ့မှာ ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂရဲ့ အေဂျင်စီကြီးတခုဖြစ်ပြီး အလုပ်သမားသမဂ္ဂ၊ အလုပ်ရှင်နဲ့ အစိုးရ
ကိုယ်စားလှယ်များ ပါဝင်တဲ့ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ စည်းဝေးပွဲ
ဂျနီဗာမြို့မှာ ကျင်းပနေစဉ် IMF အကြီးအကဲ တက်ရောက်ပြီး အဲဒီလို သတိပေးစကား
ပြောကြားသွားတာ ဖြစ်ပါတယ်။

ငွေကြေးအကျပ်အတည်း ကိုင်တွယ်နိုင်ရေး ကမ္ဘာ့ငွေကြေးစနစ် ပြောင်းလဲရမယ်၊ အစိုးရတချို့အနေနဲ့လည်း ငွေ ပိုမို သုံးစွဲပြီး အခွန်ဖြတ်တောက်တဲ့ ငွေကြေးလုပ်ဆောင်ချက်များ ပိုမိုလုပ်ဆောင်သွားရမယ်လို့လည်း IMF အကြီးအကဲက တိုက်တွန်းပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG