သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ကုလကြေညာချက် အမေရိကန် ထောက်ခံ


တရားလက်လွတ် ဖမ်းဆီးမှုတွေကို ကြားနာတဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာလုပ်ငန်းအဖွဲ့က မြန်မာနိုင်ငံမှာ အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်တာကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်တစောင် ထပ်ဆင့်ထုတ်ပြန်လိုက်ပါတယ်။

စစ်အစိုးရက နိုင်ငံတကာရဲ့ မေတ္တာရပ်ခံချက်တွေကို လိုက်နာခြင်းမရှိတဲ့အပေါ် စိတ်ပျက်မိတယ်လို့လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ ကိုမင်းဇေယျာ၊ ကိုဂျင်မီ၊ ကိုပြုံးချိုနဲ့ အခြား နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာဟာ တရားဥပဒေနဲ့ မညီဘူး၊ စစ်အစိုးရအနေနဲ့ ဒီလို ဖမ်းဆီးထားတာကို မှန်တယ်ဆိုပြီး ဘယ်လိုမှ သက်သေမပြနိုင်တဲ့ကြောင်း ကုလသမဂ္ဂအဖွဲ့က သဘောထား ထုတ်ပြန်ထားတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်မှာ ထပ်ဆင့် ဖော်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက်ဖမ်းဆီးထားတာဟာ မြန်မာစစ်အစိုးရကိုယ်တိုင် ထုတ်ပြန်ထားတဲ့ ဥပဒေတွေကို ချိုးဖောက်တာ ဆိုပြီးတော့လည်း ပြောပါတယ်။

ဒီကြေညာချက်နဲ့ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မက်ဂန် မတ်ဆန် (Meggan Mattson) က ဗွီအိုအေကို အခုလို ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ချုပ်နှောင်ထားတဲ့အတွက်နဲ့ စစ်အစိုးရက နိုင်ငံတကာနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တောင်းဆိုချက်တွေကို လေးစားလိုက်နာဖို့ တောင်းဆိုချက်တွေကို စစ်အစိုးရက မသိ ကျိုးကျွံ ပြုနေတာကို စိတ်ပျက်မိတဲ့အကြောင်း” အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ မက်ဂန် မတ်ဆန် က ပြောဆိုသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG