သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေး ကယ်ဆယ်မှု အလားအလာ အိုဘားမား အကောင်းမြင်


အမေရိကန် ပြည်ထောင်စုမှာ လာမယ့်နှစ် ဘတ်ဂျက်ငွေ သန်းပေါင်း ၃သန်း ၆သိန်း သုံးစွဲမယ့် အမေရိကန်ရဲ့ အစီအစဉ်ကို လက်ခံဖို့ အတွက် သမ္မတ အိုဘားမား က အင်္ဂါနေ့ ညမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး ပြည်သူလူထုကို စည်းရုံးခဲ့သလိုပဲ ဗုဒ္ဓဟူးနေ့မှာတော့ ကွန်ဂရက် လွှတ်တော် အမတ်တွေ ထောက်ခံလာအောင် ဒေသ စံတော်ချိန် နေ့လယ်ခင်းမှာ ကွန်ဂရက် လွှတ်တော်မှာ လာရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။ ရီပတ်ဗလစ်ကန် အမတ်တွေနဲ့ တချို့သော ဒီမိုကရက်အမတ်တွေက သမ္မတရဲ့ သန်းပေါင်း ၃သန်း ၆သိန်း သုံးစွဲမယ့် အစီအစဉ်ဟာ အကြွေးတွေပဲ တင်စေလိမ့်မယ်လို့ ပြောဆိုခဲ့တာကို သမ္မတ အိုဘားမားက သူ့ရဲ့ လိုငွေပြမှု ငွေအားလုံးထဲမှာ သန်းပေါင်း ၁သန်း ၃သိန်းဟာ သမ္မတ ဘုရှ်လက်ထက်ကတည်းက ဆိုးမွေ ကို လက်ခံရယူခဲ့ရတာဆိုတာကို ရီပတ်ဗလစ်ကန် အမတ်တွေ မေ့နေပုံရတယ်လို့ ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။ သမ္မတ အိုဘားမား က စီးပွားရေး ပြန်တိုးတက်လာမယ့် အရိပ်လက္ခဏာကို တွေ့နေပြီဆိုတဲ့ အဆိုကို ထောက်ခံမှုပေးမယ့် သတင်း၂ပုဒ်ရှိပါတယ်။

ပထမသတင်းက အမေရိကန်စီးပွားကူးသန်းဝန်ကြီးဌာန က လာတာပါ။ ဈေးကြီးတဲ့ အမေရိကန် စက်ရုံထွက် ပစ္စည်းတွေ မှာယူထားတဲ့ အမှာစာတွေ အနည်းဆုံး နောက်ထပ် ၃နှစ်စာ ရရှိနေပြီး တော့ ဒါဟာ ကာလကြာရှည် အရောင်းထိုင်းပြီး ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလကျမှ အရောင်း ပြန်တက်လာတာဖြစ်တယ်။ ၃.၄ ရာခိုင်နှုန်း အရောင်း တက်ခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၁နှစ်ကျော်အတွင်း အမြင့်ဆုံး ရေရှည်ခံ ကုန်ပစ္စည်း အမှာစာ ရရှိ မှုလည်း ဖြစ်ပါတယ်။

နောက်ထပ် သတင်းကတော့ အိမ်ဝယ်သူတွေကို ငွေချေးတဲ့ ဘဏ်များအသင်းက လာတာပါ။ အိမ်ဝယ်ဖို့ ငွေချေးကြတဲ့ လျှောက်လွှာတွေကို ပြီးခဲ့တဲ့ သတင်းပတ်က ၃၂ရာခိုင်နှုန်း တိုးတက်ရရှိခဲ့တယ်လို့ အသင်းက ဆိုပါတယ်။ အိမ်ဝယ်သူတွေကို ချေးတဲ့ အတိုးနှုန်းကို ပြီးခဲ့တဲ့ သတင်းပတ်က လျှော့ချလိုက်တဲ့အခါမှာ အိမ်ပိုင်ရှင်တွေ အိမ်ဝယ်လိုသူတွေများစွာဟာ အိမ်အရောင်းဈေးကွက်ထဲကို မြန်မြန်ဆန်ဆန် ရောက်ရှိလာပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG