သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကစီကို အမေရိကန်  မူးယစ်ဆေးကိစ္စ ဆွေးနွေးမည်


အမေရိကန် နယ်စပ်တလျှောက် မက္ကဆီကို နိုင်ငံအတွင်းမှာ တရားဝင် မူးယစ်ဆေးဂိုဏ်းများကြောင့် ဖြစ်ပွားနေတဲ့ ဆူပူမှုတွေ နဲ့ ပတ်သက်ပြီး အမေရိကန် က ပြတ်ပြတ်သားသား တောင်းဆိုသွားမယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် က ပြောပါတယ်။ မက္ကဆီကို အစိုးရက အင်အားကြီး မူးယစ်ဆေး မှောင်ခိုဂိုဏ်းတွေကို ဘယ်လို ရင်ဆိုင်မလဲ၊ နယ်စပ်ဒေသ တလျှောက် ဆူပူနေတာတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတာ အဆင့်မြင့် ဆွေးနွေးပွဲ ပြုလုပ်ဖို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မက္ကဆီကို စီးတီးမြို့ကို ဗုဒ္ဓဟူးနေ့က ရောက်ရှိသွားတာပါ။

နိုင်ငံခြားရေးဝန်ကြီး မစ္စစ် ကလင်တန် က မက္ကဆီကို သမ္မတ ဖလပိတ် ကာဒယ်ရွန် (Felipe Calderon)နဲ့ တွေ့ဆုံတဲ့အခါ ကုန်သွယ်ရေးအပြင် ဒေသတွင်း တခြားကိစ္စရပ်များလည်း ဆွေးနွေးပါလိမ့်မယ်။ မက္ကဆီကို နိုင်ငံက မူးယစ်ဆေး ကိစ္စနဲ့ ပတ်သက်ပြီး နှိမ်နှင်းဖို့ အမေရိကန် နိုင်ငံက အနှစ်၃၀ တောင်းဆိုခဲ့တာ မအောင်မြင်ခဲ့ဘူး။ အမေရိကန်ရဲ့ တောင်းဆိုမှုနဲ့ အမေရိကန် နိုင်ငံက လက်နက်များ မှောင်ခိုသွင်းမှုက မက္ကဆီကို မှောင်ခိုဂိုဏ်းတွေကို ပိုမို အင်အားကြီး စေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မက္ကဆီကို ကို အသွားမှာ ပြောကြားသွားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG